အဆိုပြုထား

A d v e r t i s e m e n t With Us

May 31, 2020

၂၁ ရာစုပင်လုံကို ဇူလိုင်လ နောက်ဆုံးထားကျင်းပရန် အစိုးရက အဆိုပြုထား

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကို နောက်အကျဆုံး ဇူလိုင်လအတွင်းမှာ ကျင်းပဖို့ အစိုးရဘက်က အဆိုပြုထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း ကျင်းပခဲ့တာဖြစ်ပြီး တစ်နှစ်ကျော်ကြာ ရပ်တန့်နေခဲ့တာပါ။  လက်ရှိအချိန်မှာတော့ လာမယ့် ဇူလိုင်လကို နောက်ဆုံးထားပြီး ကျင်းပဖို့ အဆိုပြုထားတယ်လို့ မေလ ၃၀ ရက်က ပြုလုပ်တဲ့ သမ္မတ အိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောပါတယ်။ ညီလာခံကို ကျင်းပတဲ့အခါမှာလည်း ကိုဗစ်-၁၉ ကာလအတွင်းဖြစ်နေတဲ့အတွက် လက်ရှိ လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေတဲ့ ပုံစံအတိုင်း ကျင်းပသွားဖွယ်ရှိနေပြီး လူဦးရေကိုတော့ သုံးပုံတပုံအထိ လျှော့ချဖို့ အဆိုပြုထားတယ်လို့လည်း ဆိုပါတယ်။  လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအတွင်းမှာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို ချုပ်ဆိုမှာဖြစ်ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်တွေ၊ ၂၀၂၀ ရွေးကောက်ပွဲအလွန် အဆင့်လိုက်လုပ်ငန်းစဉ်တွေနဲ့ အဆင့်လိုက်အကောင်အထည်ဖော်မှုတွေ၊ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
9 months Ago
Up