အဆိုတော် ရေမွန်

June 23, 2021

အဆိုတော်ရေမွန် အစာအိမ်သွေးကြောပေါက် သေဆုံးခြင်းဖြစ်ဟု သူငယ်ချင်းဖြစ်သူပြော

Idiots အဖွဲ့ဝင် အဆိုတော်ရေမွန် သေဆုံးတာဟာ အစာအိမ်သွေးကြောပေါက်လို့ဖြစ်ပြီး ငှက်ဖျားရောဂါကြောင့် မဟုတ်ဘူးလို့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ အဆိုတော် နိုဗန်ထူးက ပြန်လည်ရှင်းလင်းခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် အဆိုတော်ရေမွန်ဟာ ဇွန်လ ၂၃ ရက်နေ့မှာ ကွယ်လွန်ခဲ့တာပါ။ သူ သေဆုံးတာနဲ့ပတ်သက်လို့ လူမှုကွန်ရက်မှာ ငှက်ဖျားရောဂါကြောင့် ကွယ်လွန်တာလို့ ရေးသားနေကြသလို စစ်တပ် ထောက်ခံသူတွေကလည်း  အချင်းချင်းရန်ဖြစ်ပြီးသေဆုံးတယ်လို့ မဟုတ်မမှန်ဝါဒဖြန့်နေပါတယ်။

ဒါပေမဲ့  သူဟာ သူငယ်ချင်းတွေနဲ့ သောက်စားရင်း အစာအိမ်သွေးကြောပေါက်ခဲ့တာဖြစ်ပြီး ဆေးကုသမှု ခံယူပေမယ့် အချိန်မမီတော့ဘဲ ကွယ်လွန်ခဲ့တာကြောင့် တခြား ကောလာဟလတွေကိုလည်း မယုံဖို့ ရေမွန်ရဲ့ သူငယ်ချင်းဖြစ်သူ နိုဗန်ထူးက သူ့ရဲ့ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကနေ  အသိပေးရေးသားခဲ့ပါတယ်။

ရေမွန်ဟာ အဆိုတော် ခင်မြတ်မွန်ရဲ့ ရင်သွေး၊ အဆိုတော် လပြည့်ကဗျာရဲ့ အစ်ကိုတော်စပ်ပြီး လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်တဲ့ တေးရေး၊ တေးဆိုတယောက်အဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။

7 months Ago
Up