အဆိုတော်

A d v e r t i s e m e n t With Us

October 14, 2020

အဆိုတော်ဇော်ပိုင်မိသားစုက ဧရာဝတီ ကိုဗစ်စင်တာသို့ ငွေကျပ် ၁၀ သိန်းလှူဒါန်း

အဆိုတော် ဇော်ပိုင်တို့ မိသားစုက ဧရာဝတီဖောင်ဒေးရှင်း ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာကို ငွေကျပ် ၁၀ သိန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဧရာဝတီဖောင်ဒေးရှင်းရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။ “ဧရာဝတီ ဖောင်ဒေးရှင်းက အဓိက ပံ့ပိုးကူညီဦးဆောင်မှုဖြင့် COVID-19 လူနာများကို လက်ခံကုသပေးလျက်ရှိနေသည့် ဧရာဝတီစင်တာအတွက် အဆိုတော် ကိုဇော်ပိုင် + မမီမီနေမင်းဝင်း၊ (သား)ရွှေပိုင် မိသားစုမှ ကာလဒါနအလှူအဖြစ် ငွေကျပ် ၁၀ သိန်းကို စေတနာထက်သန်စွာဖြင့် ပံ့ပိုးကူညီ လှူဒါန်းပေးခဲ့ပါသည်။ ယခုကဲ့သို့ ပံ့ပိုးကူညီပေးခြင်းအတွက် ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် အထူးကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်းနှင့် စီးပွားဥစ္စာများ ဒီရေအလား တိုးပွား၍ အများအကျိုးအတွက် ဆထက်ထမ်းပိုး ပံ့ပိုးကူညီနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်” ဧရာဝတီဖောင်ဒေးရှင်းအနေနဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလမှာ ရန်ကုန်တိုင်းအတွင်း ပိုးတွေ့လူနာတွေ များလာတဲ့အတွက် တဖက်တလမ်းက ကူညီတဲ့အနေနဲ့ သုဝဏ္ဏ မြက်ခင်းတုကွင်းမှာ ကိုဗစ်ယာယီကုသရေးဌာနကို တည်ဆောက်ပေးခဲ့ပြီး လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ၊ ဆေးဝါးတွေအပါအဝင် ကုသမှုခံယူမယ့် လူနာတွေနဲ့ ကုသရေး တာဝန်ရှိသူတွေရဲ့ နေထိုင်စားသောက်ရေး စတာတွေကို ဖောင်ဒေးရှင်းက ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(သုဝဏ္ဏ)ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး လူနာတွေထားရှိဖို့ ဧရာဝတီစင်တာ (A) နဲ့ (B) အပြင် အရေးပေါ်လူနာတွေ ထားရှိဖို့အတွက်ပါ ICU/HCU ကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဧရာဝတီစင် တာ (A) နဲ့ (B) မှာ လူနာ ၈၇၅ ဦးထားရှိနိုင်မှာဖြစ်ပြီး ICU/HCU မှာတော့ ၁၂၅ ဦးနဲ့ စုစုပေါင်း လူနာဦးရေ ၁,၀၀၀ ထိ ထားရှိနိုင်ပြီ ဖြစ်ပါတယ်။ ဇော်ပိုင်ကိုတော့ ပရိသတ်တွေက “မင်းနဲ့မှချစ်တတ်ပြီ” ၊ “ရင်ခုန်ရလွန်းလို့ရူးမှာပဲ” စတဲ့ သူ့ရဲ့ နာမည်ကြီးသီချင်းတွေနဲ့ တွဲပြီး ပရိသတ်တွေက မှတ်မိကြမှာ ဖြစ်ပါတယ်။ ပွမ်ပွမ်မြည်တဲ့အသည်းလေးနှင့် ဦးဘညွန့်ရဲ့ချစ်ဒုက္ခ၊ မြို့အဝင်ည၊ အကြင်နာအင်အား၊ ချစ်သူရဲ့အမိန့်၊ ခိုင်မြဲသောအချစ်၊ မိုးကောင်းကင်သစ်၊ နှစ်ယောက်တည်းကမ္ဘာ၊ အမောပြေ၊ ရွှေရောင်နှစ်သစ်၊ ချစ်တတ်လာပြီ၊ ပင်လယ်မြို့ပြ၊ ပြုသူအသစ် စတဲ့ သူ့ရဲ့ နာမည်ကြီး တေးအယ်လ်ဘမ်တွေရော တခြားအတွဲတေးအယ်လ်ဘမ်တွေ၊ အုပ်စုလိုက် တေးအယ်လ်ဘမ်တွေမှာပါ သီဆိုအောင်မြင်ခဲ့တဲ့ ဇော်ပိုင်ဟာ လက်ရှိအချိန်ထိ ဂီတလောကမှာ ဆယ်စုနှစ်နဲ့ချီ သီဆို အောင်မြင်နေသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ ဇော်ပိုင်ဟာ R. ဇာနည်၊ ဖိုးကာတို့နဲ့အတူ ကိုဗစ်-၁၉ ကျန်းမာရေးအသိပညာပေး သီချင်းတပုဒ်ဖြစ်တဲ့ “Mask” အမည်ရတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိထားခဲ့ပါသေးတယ်။
5 months Ago

April 4, 2020

အမေရိကန် နာမည်ကြီးအဆိုတော် ပင့်ခ် နှင့်သားငယ် ဂျိမ်မဆင်တို့ ကိုရိုနာရောဂါမှ ပြန်ကောင်း

အမေရိကန် နာမည်ကြီးအဆိုတော် ပင့်ခ်က သူနဲ့ သားငယ် ဂျိမ်းမဆင်တို့ဟာ ပြီးခဲ့တဲ့နှစ်ပတ်ထဲက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ပြန်ကောင်းလာခဲ့ပြီလို့ ဧပြီ ၃ ရက်နေ့က သူ့ရဲ့ ကိုယ်ပိုင်အင်စတာဂရမ်မှာ ‌ရေးသားဖော်ပြထားပါတယ်။ ပင့်ခ်နဲ့ သုံးနှစ်အရွယ် သူ့သားငယ်လေးတို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လက္ခဏာတွေ စတင်ပြသလာတာနဲ့တပြိုင်နက် မိသားစုဆရာဝန်ကို ခေါ်ယူစစ်ဆေးခိုင်းခဲ့ပြီး နှစ်ပတ်လုံးလုံး အိမ်မှာပဲနေပြီး  ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာကုသခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှ  မတ်လကုန်ပိုင်းမှာ ဆေးပြန်စစ်တော့ ဗိုင်းရပ်စ်ပိုး မတွေ့ရှိရတော့ကြောင်း စစ်ဆေးတွေ့ရှိရတာလို့ ရှင်းပြပါတယ်။  ပင့်ခ်ဟာ  ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက်လည်း ဒေါ်လာ ၁ သန်းကို တမ်ပဲလ်  တက္ကသိုလ်ဆေးရုံ အရေးပေါ်ရန်ပုံငွေနဲ့ လော့စ်အိန်ဂျလိစ်မြို့တော်ဝန်ရဲ့ ကိုဗစ်-၁၉ အရေးပေါ်ရန်ပုံငွေ Emergency COVID-19 Crisis Fund တို့ကို အညီအမျှ ခွဲဝေလှူဒါန်းခဲ့တယ်လို့လည်း ရိုက်တာသတင်းက  ဖော်ပြထားပါတယ်။
11 months Ago
Up