အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီမှာ အဆိပ်သင့်မီးခိုးမြူတွေ ဆက်တိုက်ကျဆင်းနေတာဟာ ဒီဇင်ဘာ ၁၂ ရက်ဆိုရင် ဒုတိယမြောက်နေ့ဖြစ်ပါတယ်။
အပူချိန်ကျဆင်းတာနဲ့ လေတိုက်နှုန်းနည်းတာကြောင့် လေထုညစ်ညမ်းမှု အခြေအနေ ကို အဆိုးရွားဆုံးအဆင့် ရောက်ရှိစေခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဒါ့အပြင် မီးခိုးမြူတွေ ဖုံးလွှမ်းနေလို့ ပတ်ဝန်းကျင်ကိုလည်း ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။
ဒီဇင်ဘာ ၁၂ ရက်နေ့ တိုင်းထွာချက်အရ နယူးဒေလီမှာ လေထုအရည်အသွေး ညွှန်းကိန်းဟေ ၄၀၀ ကျော်ကနေ ၅၀၀ အထိ မြင့်တက်ခဲ့တာကြောင့် လူတွေရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့အဆင့်ဖြစ်ပြီး ရောဂါအခံရှိသူတွေကိုလည်း ဆိုးဆိုးရွားရွား သက်ရောက်မှု ရှိနိုင်ပါတယ်။
ဒါ့အပြင် အဲဒီပမာဏအရ လေထုထဲမှာပါတဲ့ သေးငယ်တဲ့ အမှုန်တွေဟာ သွေးလည်ပတ်မှု စနစ်ထဲအထိ ရောက်ရှိနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
လက်ရှိမြို့တော်ဒေလီရဲ့ လေထုညစ်ညမ်းမှုအဆင့်ဟာ အဆုပ်ကင်ဆာလိုမျိုး အလားတူ ရောဂါတွေ ဖြစ်ပေါ်စေနိုင်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
လေထုညစ်ညမ်းမှုကို ထိန်းချုပ်ဖို့ အရေးပေါ်အစီအစဉ်တွေအနေနဲ့ အာဏာပိုင်တွေ ဟာ ဒီဇင်ဘာ ၁၂ ရက်က အုတ်ဖုတ်လုပ်ငန်းတွေကို ပိတ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင် တွေကို ရပ်ဆိုင်းခဲ့ပါတယ်။
1 year Ago