အဆိပ်ငွေ့

July 6, 2018

အာရုံကြော အဆိပ်ငွေ့ဖြင့် တိုက်ခိုက်ခဲ့သည့် ဂိုဏ်းဝင် ၇ ဦးကို ဂျပန် သေဒဏ်စီရင်

ဂျပန်နိုင်ငံ တိုကျိုမြို့ မြေအောက်ရထားဘူတာရုံကို ၁၉၉၅ ခုနှစ်က ဆာရင်း အာရုံကြော အဆိပ်ငွေ့နဲ့ တိုက်ခိုက်ခဲ့တဲ့ အွန်းမ် ရှင်းရိခယော ဂိုဏ်းဝင် ၇ ယောက်ကို သေဒဏ်စီရင်လိုက်ပြီလို့ ဂျပန်အရာရှိတွေက ဇူလိုင် ၆ ရက်မှာ ပြောပါတယ်။ ဂိုဏ်းခေါင်းဆောင် ရှိုခို အာဆဟရဟာ ဒီသီတင်းပတ်အတွင်း သေဒဏ်စီရင်မခံရခင် ထောင်ထဲမှာ ၂၂ နှစ် နေခဲ့ရတာပါ။ တိုက်ခိုက်မှုကြောင့် လူအယောက် ၁ ဒါဇင်ကျော် သေခဲ့ပြီး ထောင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရခဲ့ပါတယ်။ တခြား ဂိုဏ်းဝင် ၁၂ ယောက်ကိုလည်း သေဒဏ်စီရင်ခဲ့ပြီးပါပြီ။ အာဆဟရကို သေဒဏ်ချဖို့ ၂၀၀၆ ခုနှစ်မှာ ဆုံးဖြတ်ခဲ့တာလို့ ဂျပန်မီဒီယာ NHK က ပြောပါတယ်။ ဒါပေမယ့် ပူးတွဲကြံစည်သူတွေကို အမှုစစ်နေခဲ့လို့ နောက်ထပ် ၁၂ နှစ်ကြာမှ သေဒဏ်စီရင်နိုင်ခဲ့တာလို့ စီအန်အန် သတင်းဌာနမှာ ဖော်ပြပါတယ်။
3 years Ago
Up