အဆိပ်အပြင်းဆုံး မြွေဟောက်ဘုရင်ကို လက်ဖြင့်ဖမ်းပြသည့် မြွေဖမ်းသမား(ရုပ်သံ)

February 12, 2017

အဆိပ်အပြင်းဆုံး မြွေဟောက်ဘုရင်ကို လက်ဖြင့်ဖမ်းပြသည့် မြွေဖမ်းသမား(ရုပ်သံ)

ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေတွေထဲက တမျိုးဖြစ်တဲ့ မြွေဟောက်ဘုရင်ကို မြွေဖမ်းသမားအမျိုးသားက အကာအကွယ်တခုမှမပါဘဲ လက်ချည်းသပ်သပ်နဲ့ ဖမ်းဆီးနေတာကို ရုပ်သံတခုထဲမှာ မယုံကြည်နိုင်လောက်အောင်ဘဲ တွေ့မြင်ရမှာပါ။ ဒီရုပ်သံကို ဖေဖော်ဝါရီ ၁၀ ရက် မေရာသတင်းမှာ ဖော်ပြထားပါတယ်။ ဒီမြွေဖမ်းတဲ့ရုပ်သံကို ထိုင်းနိုင်ငံ အလယ်ပိုင်း စရာဘူရီရိုင်ရဲ့ အပြင်ဘက်မှာ အတီဝစ်လဘီရိုဆသနာဆီက ရိုက်ကူးခဲ့တာပါ။ ရွာသားတွေက ဒီမြွေကို တွေ့ရှိခဲ့ပြီး ဒေသခံမြွေဖမ်းသူကို ခေါ်ကာ မြွေကို ဖယ်ရှားခိုင်းခဲ့တာပါ။ မြွေဟောက်ဘုရင်တွေက ၅ ဒသမ ၅ မီတာအထိ ရှည်နိုင်ပြီး အန္တရာယ်များတဲ့ မြွေအမျိုးအစားထဲမှာ ပါပေမယ့် ပုံမှန်အားဖြင့် ဒီမြွေတွေဟာ လူတွေနဲ့ ထိပ်တိုက်တွေ့တာကိုတော့ ဖြစ်နိုင်ရင် ရှောင်ရှားပါတယ်။ ရုပ်သံထဲမှာ မြွေကြီးရဲ့ “မာန်ဖီသံ” အကျယ်ကြီး ကိုလည်း ကြားရပါတယ်။ ဒါက မြွေဘုရင်တွေ တိုက်ခိုက်တဲ့အခါ သုံးတဲ့နည်းတွေထဲက တခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်သံထဲမှာ မြွေဖမ်းသူက မြွေနဲ့မျက်နှာချင်းမဆိုင်ခင် သူ့ရဲ့အဖော်ကို “အမြီးဆီသွား” လို့ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့ ဒီမြွေတွေက မြွေသေးသေးအမျိုးအစားတွေလောက် မမြန်ဘူး” လို့လည်း ပြောပါတယ်။ အချိန်အတော်ကြာပြီးနောက် မြွေဖမ်းသမားက မြွေကို ဖမ်းလိုက်နိုင်ပြီး လုံခြုံပြီး ကာကွယ်မှုပေးထားတဲ့ တောထဲမှာ လွှတ်ပေးနိုင်ဖို့ သီးသန့်လုပ်ထားတဲ့ အိတ်ထဲကို ထည့်လိုက်ပါတယ်။
4 years Ago
Up