အဆင်း အတက်

February 23, 2020

သဲမုန်တိုင်းကြောင့် စပိန်လေဆိပ်နှစ်ခု လေယာဉ်ခရီးစဉ်အားလုံး ဆိုင်းငံ့

သဲမုန်တိုင်းကြောင့် စပိန်လေဆိပ်စီမံခန့်ခွဲရေးလုပ်ငန်း အယ်ယာနာက ဂရန်းကာနာရီယာ လေဆိပ်အဆင်း အတက်နဲ့ တေနာရီဖှေလေဆိပ်ကနေ ထွက်မယ့် လေကြောင်းခရီးစဉ်အားလုံးကို ဖေဖော်ဝါရီ ၂၂ ညနေက စပြီး ဆိုင်းငံ့လိုက်ပါတယ်။ ဆာဟာရဒေသက အနီရောင် သဲမုန်တိုင်းရဲ့ တိမ်တွေဟာ ကာနာရီဒေသကို ဝင်ရောက် တိုက်ခတ်ပြီး မြင်နိုင်စွမ်း ဆိုးဆိုးရွားရွား ကျဆင်းခဲ့လို့ ခုလို ဆိုင်းငံ့တာပါ။ ဂရန်းကာနာရီယာလေဆိပ်က လေကြောင်းခရီးစဉ် ၁၉ ခုထက်မနည်းကို လမ်းကြောင်းပြောင်း ဆင်းသက်ခိုင်းခဲ့ရတယ်လို့ လုပ်ငန်းပြောခွင့်ရက ပြောပါတယ်။ ဘယ်လေကြောင်းလိုင်းတွေ ဆိုတာကိုတော့ သူက မပြောပါဘူး။  သဲမုန်တိုင်းဟာ တနာရီ ၇၅ မိုင် လေတိုက်နှုန်းနဲ့ ဖေဖော်ဝါရီ ၂၄ ရက်ထိ တိုက်ခတ်မယ်လို့ စပိန် အမျိုးသားမိုးလေဝသဌာနက သတိပေးထားပါတယ်။  ကာနာရီကျွန်းစုအတွင်း ဂရန်းကာနာရီယာ၊ ဖွေတေဗန်တူရာနဲ့ လန်ဇာရိုတေကျွန်းတွေဟာ မုန်တိုင်းဒဏ်ကို အဆိုးဆုံးခံရမယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။ ဒေသန္တရအစိုးရက တပ်လှန့် သတိပေးချက် ထုတ်ပြန်ထားပြီး လူတွေ အခန်းထဲမှာ နေကြဖို့နဲ့ ပြတင်းပေါက်တွေ ပိတ်ထားကြဖို့ အကြံပြုထားပါတယ်။ လန်ဇာရိုတေကျွန်းရဲ့ မြို့တော် အာရေစီဖှေမြို့က အာဏာပိုင်တွေကလည်း ကာနီဗယ် ပွဲတော်တွေ အပါအဝင် အခန်းပြင်ပ လှုပ်ရှားမှု အားလုံးကို ဖျက်သိမ်းထားပါတယ်။
1 year Ago
Up