အဆင့် ၁ ရပ်တည်နေ

September 7, 2017

အမြန်ဆုံးကစားသမားစာရင်းတွင် မန်စီးတီးနောက်ခံလူ ဝေါ်ကာ အဆင့် ၁ ရပ်တည်နေ

ဒီနှစ်ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲရဲ့ အမြန်ဆုံးကစားသမားစာရင်းမှာ မန်စီးတီး နောက်ခံကစားသမား ဝေါ်ကာက အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။ လန်ဒန်အခြေစိုက် အားကစားအချက်အလက်မှတ်တမ်း ပြုစုရေးကုမ္ပဏီဖြစ်တဲ့ Opta ရဲ့ မှတ်တမ်းတွေအရ မန်စီးတီးနောက်ခံလူ ဝေါ်ကာဟာ တစ်နာရီကို ၃၅ ဒသမ ၁၆ ကီလိုမီတာအထိ အမြန်နူန်းရှိတာာကြောင့် ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးကစာသးမားအဖြစ် ရပ်တည် နေတာဖြစ်ပါတယ်။ အဆင့် ၂ နေရာမှာ ၀က်ဖို့ဒ်အသင်းက စပိန်နောက်ခံလူ ကီကိုဖီမီနီယာ ကရပ်တည် နေပြီး တစ်နာရီကို ၃၅ ဒသမ ၁၂ ကီလိုမီတာ အမြန်နူန်းရှိတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးနောက်မှာ အာဆင်နယ် နောက်ခံလူကိုယ်စီယယ်နီက အဆင့် ၃၊ လီဗာပူး တိုက်စစ်မှူး မာနေးက အဆင့် ၄၊ ဘုန်းမောက်ကွင်းလယ်လူ ရွိုင်ယန်ဖရေဇာက အဆင့် ၅ နေရာတွေမှာ ရပ်တည်နေပါတယ်။ ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ မန်ယူက ပေါ့ဘာက အဆင့် ၇၊ လက်စတာက ဂျေမီဗာဒီက အဆင့် ၈၊ ချဲလ်ဆီးက ကန်တီ၊ မန်ယူတိုက်စစ်မှူး လူကာကူနဲ့ ၀က်စ်ဘရွန်းတိုက်စစ်မှူး ရွန်ဒွန် တို့က အဆင့် ၁၀ နေရာတွေမှာ ပူးတွဲရပ်တည်ခဲ့ပါတယ်။ အပြေးမြန်တယ်လို့ သတ်မှတ်ခံထားရတဲ့ အာဆင်နယ်က ဘယ်လာရင်၊ မန်ယူက ရက်ဒ်ဖို့ရှ်၊ ချဲလ်ဆီးက ပက်ဒရိုနဲ့ လီဗာပူးက ဆာလက်ခ်ျတို့ကတော့ ထိပ်ဆုံး ၁၀ ဦးစာရင်းမှာ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။
4 years Ago
Up