အဆင့်မြင့်ဘတ်စ်ကားမှတ်တိုင်တိုးချဲ့ရန် စည်းကမ်းထိန်းသိမ်းရေးလှုပ်ရှားမှု ရန်ကုန်တွင် ပြုလုပ်

February 1, 2018

အဆင့်မြင့်ဘတ်စ်ကားမှတ်တိုင်တိုးချဲ့ရန် စည်းကမ်းထိန်းသိမ်းရေးလှုပ်ရှားမှု ရန်ကုန်တွင် ပြုလုပ်

  အဆင့်မြင့် ဘတ်​စ်​ကားမှတ်​တိုင်​​တွေတိုးချဲ့ဖို့နဲ့ လမ်း​ကြောကျပ်​မှု ရှင်းလင်းစေဖို့အတွက်​ Pilot Project ရှေ့ပြေးစီမံကိန်းအ​နေနဲ့ စည်းကမ်းထိန်းသိမ်း​ရေးလှုပ်​ရှားမှုကို ရန်​ကုန်​မြို့ ပဲခူးကလပ်​မှတ်​တိုင်​မှာ ဒီ​နေ့ စတင်ပြုလုပ်​​နေပါတယ်​။ ဒီမှတ်​တိုင်​မှာ ရပ်​တဲ့ဘတ်​စ်​ကားလမ်း​ကြောင်း​တွေရဲ့ ခန့်​မှန်း​ခြေအချိန်​ ဆိုင်းဘုတ်​​တွေ၊ စည်းကမ်းပိုင်းဆိုင်ရာဆို​င်းဘုတ်​​တွေ စိုက်​ထားပြီး လက်​ကမ်းစာစောင်တွေကို ကား​တွေနဲ့ ခရီးသွား​တွေကို ​ဝေငှနေပေးနေပါတယ်​။ ဘတ်​စ်​ကား​တွေကို မှတ်​တိုင်​​ရှေ့ မျဉ်းဝါကွက်​​ပေါ် စနစ်​တကျရပ်​စေဖို့၊ လူ​တွေ လူကူး မျဉ်းကြားကကူး​စေပြီး ကား​တွေကဦးစား​ပေးဖို့၊ ယာဉ်​ငယ်​​တွေ စည်းကမ်းမဲ့ မ​ကွေ့​အောင်​ လမ်းလယ်​တိုင်​​တွေ ကာရံထားပြီး လမ်း​ကြောပိတ်​ဆို့မှု မဖြစ်​​အောင်​ စည်းကမ်းထိန်းသိမ်း​ရေး လုပ်​​ဆောင်​တာပါ။ ဒီအစီအစဉ်ကို ဂျပန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ JICA ကပံ့ပိုးပြီး YRTA ၀န်​ထမ်း​တွေကိုယ်တိုင် ကွင်းဆင်းပြုလုပ်​​နေတဲ့ ဒီ​ရှေ့​ပြေးစီမံကိန်းကို ဖေဖော်ဝါရီ ၆ ရက်​အထိ ပြုလုပ်​သွားမှာပါ။ ပဲခူးကလပ်​ မှတ်​တိုင်​​နေရာနားတ၀ိုက်​မှာ ​တော်​၀င်​စင်​တာနဲ့ စိန်​​ဂေဟာလို​ရှော့ပင်း စင်​တာကြီးတွေရှိနေတာ၊ စာသင်​​ကျောင်းရှိ​နေတာ၊ မြို့တွင်းမြို့ပြင်သွား YBS ကား​တွေ ပြည်​လမ်း​ပေါ်ဖြတ်​တဲ့လမ်း​ကြောင်းအချက်​အချာကျပြီး  ကားရှုပ်​ကားကျပ်​တဲ့ နေရာဖြစ်လို့  ​ရှေ့​ပြေးစီမံကိန်းအ​နေနဲ့ စတင်ဖို့ ဒီနေရာကိုရွေးချယ်လုပ်ဆောင်တာလို့ YRTA ၀န်​ထမ်းက​ ပြောပါတယ်​။ ဒီလို အဆင့်မြှင့် ကားမှတ်​တိုင်​​တွေကို ရန်​ကုန်​တခြားမြို့နယ်​​တွေမှာလည်း တိုးချဲ့သွားမယ်​ လို့ သိရပါတယ်​။
4 years Ago
Up