အဆင့်ရှိ ငလျင်လှုပ်

June 3, 2017

ဟုမ္မလင်းမြို့ အရှေ့ဘက် ၁၇ ခန့်အကွာတွင် ၄ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်

မြန်မာနိုင်ငံ ဟုမ္မလင်းမြို့ရဲ့ အရှေ့ဘက် ၁၇ မိုင်လောက်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်) တာစကေး ၄ ဒသမ ၅ အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ၂၀၁၇ ခုနစ်၊ ဇွန်လ ၃ ရက်နေ့ မြန်မာစံတော်ချိန် ၉ နာရီ၊ ၁၂ မိနစ်၊ ၅၇ စက္ကန့်အချိန်မှာ မန္တလေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၂၀၀ လောက် ကွာဝေးတဲ့ မြန်မာနိုင်ငံ ဟုမ္မလင်းမြို့ရဲ့ အရှေ့ဘက် ၁၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တခုလှုပ်ခတ်သွားကြောင်း ဖော်ပြထားပါတယ်။
4 years Ago
Up