အဆင်သင့်ဟု ကွန်တီပြော

December 8, 2017

ချန်ပီယံလိဂ်ရှုံးထွက်အဆင့်တွင် မည်သည့်အသင်းနှင့်တွေ့တွေ့ အဆင်သင့်ဟု ကွန်တီပြော

ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ ဘယ်အသင်းနဲ့ပဲ တွေ့တွေ့ အသင်းတိုင်းကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ချဲလ်ဆီးနည်းပြကွန်တီက ပြောပါတယ်။ ချဲလ်ဆီးအသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အက်သလက်တီကိုနဲ့ သရေကျခဲ့တာကြောင့် အုပ်စုပထမရတဲ့ အသင်းတွေ ဖြစ်တဲ့ ဘာစီလိုနာ၊ ပီအက်စ်ဂျီ စတဲ့ အသင်းတွေနဲ့ ရှုံးထွက်အဆင့်မှာ တွေ့ဖို့ရှိနေတာပါ။ ၁၆ သင်းအဆင့်ကို တက်ရောက်လာတဲ့ အသင်းတိုင်းဟာ အကောင်းဆုံးအသင်းတွေပဲ ဖြစ်တယ်လို့ ကွန်တီက ဆိုပါတယ်။ ဒါ့အပြင် မိမိတို့အသင်းနဲ့ တွေ့ဆုံရတဲ့ အသင်းတိုင်းဟာ ပျော်ရွှင်လိမ့်မယ် မထင်ဘူးလို့လည်း ကွန်တီက ဆိုပါတယ်။ ချဲလ်ဆီးတောင်ပံကစားသမား ဟာဇက်ကလည်း ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တဲ့အတွက် စိုးရိမ်းစရာမရှိဘူးလို့ ဆိုပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့် ရှုံးထွက် ပွဲစဉ်တွေကို လာမယ့်ဒီဇင်ဘာ ၁၁ ရက်နေ့ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။
3 years Ago
Up