အကြိမ် ၃၀ မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပပြီးစီးချိန်မှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုမှာတော့ အဆင့် ၇ နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံကတော့ ပြိုင်ပွဲပြီးဆုံးဖို့ တရက်အလိုမှာ မြန်မာနိုင်ငံထက် ရွှေတံဆိပ် တဆု ပိုရနေခဲ့ပေမယ့် နောက်ဆုံးနေ့မှာတော့ မြန်မာနိုင်ငံအတွက် ၄ ဆုမြောက်ဆုတံဆိပ်ကို ဘိလိယက် 9ball pool တဦးချင်းကနေ ဖုန်းမြင့်ကျော်(ခ)အားတီက ရွှေတံဆိပ်တဆု ထပ်မံဆွတ်ခူးပေးခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြိုင်ပွဲအားလုံး ပြီးဆုံးချိန်မှာ ဆုတံဆိပ်ရရှိမှုအနေနဲ့ ရွှေတံဆိပ် ၄ ဆု၊ ငွေတံဆိပ် ၁၈ ဆု၊ ကြေးတံဆိပ် ၅၁ ဆု ရရှိပြီး နိုင်ငံအလိုက် အဆင့် ၇ နေရာမှာ ရပ်တည်သွားခဲ့တာပါ။
မြန်မာအားကစားအဖွဲ့ဟာ အခုပြိုင်ပွဲမတိုင်ခင်က ရွှေတံဆိပ် ၁၀ ခုနဲ့အထက် မျှော်မှန်းခဲ့ပေမယ့် လက်ရှိမှာတော့ ရွှေတံဆိပ်ဆု ၄ ဆုပဲ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
3 years Ago