အဆင့် ၄၂

August 2, 2021

ထိုင်းတွင် တရက်တည်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၈,၀၀၀ နီးပါး စံချိန်တင်တွေ့ရှိ၊ ကမ္ဘာ့ကူးစက်မှု အမြင့်ဆုံးအဆင့် ၄၂ ဖြစ်လာ

ထိုင်းနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၇,၉၇၀ ယောက် ထပ်မံ စံချိန်တင်တွေ့ရှိခဲ့တယ်လို့ ထိုင်းပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ကတော့ ပြီးခဲ့တဲ့ ရက်နဲ့အတူတူ ၁၇၈ ယောက် ရှိနေခဲ့တာပါ။

ပိုးတွေ့လူနာအသစ် ၁၈,၀၀၀ နီးပါးထဲမှာတော့ ထိုင်းနိုင်ငံတဝန်း အကျဉ်းထောင် တွေထဲက ၁၇၅ ယောက် ပါဝင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ ကိုဗစ်-၁၉ တတိယလှိုင်းမှာတော့ ထိုင်းနိုင်ငံတဝန်း ရောဂါကူးစက်ခံရသူပေါင်း ၆ သိန်းကျော်နဲ့ ပြန်လည်ပျောက်ကင်းသက် သာလာသူပေါင်း ၃ သိန်း ၉ သောင်းကျော် ရှိနေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၆၃၃,၂၈၄ ယောက်နဲ့ သေဆုံးသူပေါင်း ၅,၁၆၈ ယောက်ရှိနေပြီး ကမ္ဘာ့နိုင်ငံတွေထဲ ကူး စက်မှုအမြင့်ဆုံး အဆင့် ၄၂ နေရာမှာ ရှိနေခဲ့တာပါ။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၉၉ သန်း ကျော်၊ သေဆုံးသူပေါင်း ၄ ဒသမ ၂ သန်းကျော်နဲ့  ရောဂါပြန်လည်ပျောက်ကင်းသက်သာ လာသူစုစုပေါင်းကတော့ ၁၇၉ ဒသမ ၆ သန်းကျော် ရှိနေတာ ဖြစ်ပါတယ်။

ကိုဗစ်-၁၉ သန်းချီ ကူးစက်မှုအမြင့်ဆုံးနိုင်ငံတွေအနေနဲ့ အမေရိကန်၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတွေက ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

4 months Ago
Up