အဆက်အသွယ်မရ

April 7, 2021

လှိုင်မြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီး ၁ ဦး အဆက်အသွယ်မရသဖြင့် မိဘများစိုးရိမ်

ရန်ကုန် လှိုင်မြို့နယ်မှာ  မတ်လ ၂၇  ရက် မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၁ ဦး ဒီနေ့အချိန်အထိ အဆက်သွယ်မရတာကြောင့် မိဘဆွေမျိုးတွေက စိုးရိမ်ပူပန်နေကြပါတယ်။

မသိမ့်သိမ့်ဦးဟာ ရန်ကုန်မှာအလုပ်လာလုပ်ရင်း အဆိုပါနေ့မနက်ပိုင်းက အိမ်ကထွက်သွားပြီး ညပိုင်းအထိ ပြန်မရောက်တာကြောင့် နယ်မှာနေထိုင်တဲ့မိဘတွေထံ ဖုန်းဆက်အကြောင်းကြားမှ ဖမ်းဆီးခံရတာကို သိရတာဖြစ်တယ်လို့ ပြောပါတယ်။

မသိမ့်သိမ့်ဦးကို အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကြားသိရလို့ သူ့ရဲ့ မိဘတွေက သွားရောက်စုံစမ်းခဲ့ပေမဲ့ ဖမ်းဆီးခံထားရသူ စာရင်းကို ကြော်ငြာထားတဲ့ နေရာမှာ  နာမည်သာတွေ့ရပြီး လူချင်းတော့ တွေ့ခွင့်မရခဲ့သလို သက်ဆိုင်ရာတာဝန်ရှိသူတွေကို မေးမြန်းခွင့်မရဘူးလို့ လည်း ဆိုပါတယ်။

မသိမ့်သိမ့်ဦးဟာ ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဆင်ဆိပ်ကလေးကျေးရွာ ဇာတိဖြစ်ပြီး သူ့ရဲ့မိဘတွေက ဇာတိရွာမှာ နေထိုင်နေကြပါတယ်။

မသိမ့်သိမ်းဦးကတော့ ရန်ကုန်မြို့မှ သွားရောက်အလုပ်လုပ်ကိုင်းရင်း ခုလို အဖမ်းခံခဲ့ရတာဖြစ်ပြီး ဘာကြောင့် ခုလို ဖမ်းဆီးထားတယ်ဆိုတာလည်း မသိရှိဘူးလို့ မိဘတွေက ပြောပါတယ်။

8 months Ago

August 14, 2020

အမ်းမြို့နယ်၌ တပ်မတော်ကဖမ်းဆီးသွားသည့် ကျန်းမာရေးဝန်ထမ်း မိသားစုနှင့် အဆက်အသွယ်မရ

ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်က အမ်းပြည်သူ့ဆေးရုံကို သင်တန်းတက်ဖို့သွားတဲ့ ကျန်းမာရေး ဝန်ထမ်း ၃ ဦးကို တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်က ဖမ်းဆီးသွားပြီး ၂ ဦးမှာပြန်လွတ်လာပေမဲ့ ကျန်တဦးဖြစ်တဲ့ ကိုကျော်မင်းထွန်း ပြန်လွတ်မလာသေးလို့ မိသားစုဝင်တွေက စိုးရိမ်နေတယ်လို့ ပြောပါတယ်။ တပ်က ဖမ်းဆီးထားတဲ့ ကိုကျော်မင်းထွန်းကို ဒီကနေ့အချိန်ထိ အဆက်အသွယ်မရရှိလို့ အရမ်းစိုးရိမ်နေတယ်လို့ အစ်မဖြစ်သူဒေါ်ခင်ချေက  ပြောပါတယ်။ “ဖမ်းဆီးသွားကတည်းက ကျမတို့နဲ့ လုံးဝ အဆက်အသွယ်မရတော့ပါ။ အဆက်အသွယ်မရလို့ အရမ်းကို စိုးရိမ်ပူပန်နေရပါတယ်။ ဖမ်းဆီးသွားတာ ဒီကနေ့ဆိုရင် ၅ ရက်ကြာသွားပါပြီ။ ကျမတို့မိသားစု အရမ်းခံစားနေရပါတယ်။ ကျမ မောင်က အစိုးရဝန်ထမ်းတစ်ယောက်ပါ။ သူ့မှာဘာမှ အပြစ်မရှိပါဘူး။ သူ့ကို အရမ်းတွေ့ချင်နေပါတယ်”လို့ ပြောပါတယ်။ ကိုကျော်မင်းထွန်းဟာ ရသေ့တောင်မြို့နယ် ရိုးဆိပ်ကျေးရွာသားတစ်ဦးဖြစ်ပြီး အမ်းမြို့နယ် သပြုချိုင်ကျေးရွာအုပ်စုစည်တောင်ကြီးကျေးရွာ ကျန်းမာရေးဌာနမှာ တာဝန်ကျနေတာဖြစ်ပါတယ်။ သြဂုတ် ၉ ရက်က ကိုငြိမ်းလင်းဇော်၊ ကိုကျော်မင်းနိုင်တို့နဲ့အတူ အမ်းပြည်သူ့ ဆေးရုံကို သင်တန်းတက်ဖို့သွားစဉ် လမ်းမှာ တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်က တပ်မတော်က ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ လွတ်မြောက်လာသူနှစ်ဦးကတော့ သပြုချိုင်ကျေးအုပ်စုရှိ စည်တောင်ကြီးကျေးရွာ ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေသူတွေဖြစ်ကြတဲ့ ကိုငြိမ်းလင်းဇော် ၂၄ နှစ်နဲ့ သပြုချိုင်ကျေးရွာ ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေသူ ကိုမင်းကျော်နိုင်(၂၈နှစ်)တို့ ဖြစ်ကြပါတယ်။ သြဂုတ် ၉ ရက်ညနေ ၄ နာရီလောက်က  မအီမှ အမ်းလက်ကိုမောင်းနှင်လာတဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးကို စစ်ဆေးခဲ့စဉ်  ကျော်မင်းထွန်းမှာ  အေအေနဲ့ ဆက်သွယ်မှု မှတ်တမ်းတွေ အထောက်အထားအချက်အလက်တွေပါရှိတဲ့ SAMSUNG အမျိုးအစားဖုန်းအတူ စစ်ဆေးတွေ့ရှိခဲ့တယ်လို့တပ်မတော် သြဂုတ် ၁၃ ရက်နေ့ သတင်း ထုတ်ပြန်ပါတယ်။ ဒါ့အပြင် သူ့ကိုအကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အမ်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်အရေးယူ ထားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
1 year Ago
Up