အစ္စရေးစစ်တပ်က ပစ်လိုက်တဲ့ အမြောက်ဆံ ထိမှန်ပြီး အသက် ၁၀ နှစ်အရွယ် ပါလက်စတိုင်း ကလေးငယ်တဦး သေဆုံးသွားတယ်လို့ ဆေးအဖွဲက မတ် ၁၂ ရက်နေ့မှာ ပြောပါတယ်။
သေဆုံးသွားတဲ့ လူငယ်လေးရဲ့ အစ်ကို ဖြစ်သူက အခြေအနေကိုရှင်းပြပါတယ်။ အိမ်ထဲမှာ အိပ်နေတုန်း အိမ်အမိုးပေါ် အမြောက်ဆံ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
အစ္စရေးစစ်တပ်ရဲ့ တရားဝင် ထုတ်ပြန်ချက်မှာ စစ်သွေးကြွ အုပ်စုရဲ့ သင်တန်းစခန်းလေးခုကို ပစ်မှတ်ထားခဲ့တယ်လို့ ဆိုပါတယ်။
ဂါဇာ ကမ်းမြောင် ဒေသထဲမှာ အစ္စရေးဘက်က အမြောက်ဆံ ကျရောက်တာ မနှစ်အောက်တိုဘာ နောက်ပိုင်း ပထမဆုံး ဖြစ်ပါတယ်။
5 years Ago