အစ္စရေး လိင်တူချစ်သူများ ချီတက်ပွဲ ဓားဖြင့်ဝင်ထိုးသည့် ဂျူးကို ဖမ်းဆီး (ရုပ်သံ)

August 1, 2015

အစ္စရေး စစ်တပ်ကို စစ်သွေးကြွထောက်ခံသူများ ခဲများဖြင့်ပစ်ပေါက် (ရုပ်သံ)

ရာနဲ့ချီတဲ့ ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်အုပ်စုကို ထောက်ခံသူတွေက ဟီဘရွန်မြို့က အစ္စရေးစစ်တပ်ကို သောကြာနေ့ဝတ်ပြုဆုတောင်းပြီးချိန်မှာ ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ဂျူးအစွန်းရောက် တယောက်ရဲ့ သံသယဖြစ်ဖွယ်မီးရှို့မှုကို ဟားမတ်စ်ခေါင်းဆောင် ဟာနီယာ က ပြစ်တင်ရှုတ်ချအပြီး ခုလို ဖြစ်တာပါ။ စစ်သားတွေကလည်း မျက်ရည်ယိုဓာတ်ငွေ့ဗုံးတွေနဲ့ ပြန်ပစ်ခဲ့ကြပါတယ်။ အဲဒီနေ့မှာပဲ သံသယဖြစ်ဖွယ် ဂျူးမီးရှို့သူ တယောက်ကြောင့် ပါလက်စတိုင်း မွေးကင်းစ ကလေးတယောက် သေဆုံးခဲ့ပါတယ်။ မီးရှို့တိုက်ခိုက်မှုအပြီး အကြမ်းဖက်မှု ဖြစ်မှာကို စိုးရိမ်လို့ ရဲတွေက ဂျေရုဆလင်မြို့က အက်စာဗလီထဲ ဝတ်ပြုသူ အသက် ငါးဆယ် အထက် ယောက်ျားတွေနဲ့ အမျိုးသမီးတွေကိုသာ ဝင်ခွင့်ပေးခဲ့ပါတယ်။ မြို့ဟောင်းမှာလည်း ခဲနဲ့ပစ်မှုတချို့ ဖြစ်ခဲ့လို့ အရာရှိတယောက် ဒဏ်ရာနည်းနည်းရခဲ့တယ်လို့ ရဲက ပြောပါတယ်။ မီးရှို့မှုကြောင့် ကလေးရဲ့ မိဘတွေနဲ့ အသက် လေးနှစ်အရွယ် အစ်ကိုကို ရဟတ်ယာဉ်နဲ့ အစ္စရေး ဆေးရုံကို ခေါ်သွားခဲ့ရပြီး အသည်းအသန် အခြေအနေမှာ ရှိနေတယ်လို့ အရာရှိ တွေက ပြောပါတယ်။ ရွာထဲက ဒုတိယအိမ်တလုံးလည်း မီးရှို့ခံရပေမယ့် အိမ်ထဲမှာ လူရှိမနေခဲ့ပါဘူး။ အထူးလုပ်ငန်းတပ်ဖွဲ့ဟာ ရှင်းဘတ် လုံခြုံရေးအဖွဲ့နဲ့အတူ ဒီသတ်ဖြတ်မှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်ကတော့ ဒီတိုက်ခိုက်မှုကို သက်သေအဖြစ် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးကို တင်ပြမယ်လို့ ပြောပါတယ်။ ဂါဇာကမ်းမြှောင်က ဟားမတ်စ် ခေါင်းဆောင် အစ်မေးလ် ဟာနီယာကလည်း အစ္စရေးကို ပြစ်တင်ရှုတ်ချပါတယ်။ အစ္စရေး ရဲပြောခွင့်ရ လူဘာ ဆာမီယာက မီးရှို့မှုဟာ "Price Tag" အဖွဲ့ရဲ့ တိုက်ခိုက်မှု ဖြစ်ပုံရတယ်လို့ ပြောပါတယ်။ "Price Tag" အဖွဲ့ဟာ အနောက်ဘက်ကမ်းပါးက ဂျူးအခြေချနေထိုင်မှုတွေအတွက် အစ္စရေး အစိုးရရဲ့ လုပ်ရပ်ကို ဆန့်ကျင်သူ စစ်သွေးကြွ အခြေချသူတွေပါ။ ဇူလိုင် ၂၉ ရက်နေ့က အစ္စရေး အစိုးရဟာ ရာမယ်လာမြို့နားက တရားမဝင် အဆောက် အဦ ၂ လုံးကို ဖြိုချခဲ့ပြီး နေထိုင်သူ ဒါဇင်များစွာကို နဘ်လပ်စ်မြို့နားက တခြား ရပ်ကွက်ဆီ ရွှေ့ပြောင်းခဲ့လို့ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပါတယ်။ "Price Tag" အဖွဲ့ဟာ လတ်တလောနှစ်တွေမှာ အနောက်ဘက် ကမ်းပါးက ဗလီတွေကို မီးရှို့မှုအတွက် ပြစ်တင်ခံခဲ့ရပါတယ်။ တိုက်ခိုက်မှုတွေကြောင့် ပျက်စီးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့ပေမယ့် သေဆုံးဒဏ်ရာရမှုတော့ မရှိပါဘူး။
6 years Ago

July 31, 2015

အစ္စရေး လိင်တူချစ်သူများ ချီတက်ပွဲ ဓားဖြင့်ဝင်ထိုးသည့် ဂျူးကို ဖမ်းဆီး (ရုပ်သံ)

အစ္စရေးနိုင်ငံ၊ ဂျေရုဆလင်မြို့မှာ ဇူလိုင် ၂၈ ရက်နေ့က ကျင်းပတဲ့ လိင်တူချစ်သူများ ဂုဏ်ပြုလမ်းလျှောက်ချီတက်ပွဲမှာ လူ ၆ ဦးကို ဓားနဲ့ထိုးခဲ့တဲ့ အစွန်းရောက် ရှေးရိုးစွဲ ဂျူးတဦးကို အစ္စရေးလုံခြုံရေးတွေက ဖမ်းဆီးလိုက်ပါတယ်။ ဓားနဲ့ထိုးခဲ့တဲ့ အစွန်းရောက် ဂျူးရှေးရိုးစွဲဟာ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်ကလည်း လိင်တူချစ်သူများ လမ်းလျှောက်ချီတက်ပွဲမှာ လူ ၄ ဦးကို အခုလိုပဲ ဓားနဲ့ထိုးခဲ့လို့ ဒဏ်ရာရရှိခဲ့ကြတာပါ။ ဒါကြောင့် သူ့ကို ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခဲ့ပြီး ပြီးခဲ့တဲ့ ၃ ပတ်ကမှ ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။ အခုလည်း ဓားထိုးခံရတဲ့ လူ ၆ ဦးအနက် ၂ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ပြောဆိုပါတယ်။ အစ္စရေးနိုင်ငံမှာ ဒီလိင်တူချစ်သူများ လမ်းလျှောက်ချီတက်ပွဲဟာ လူများစု သာမန်ဂျူးတွေနဲ့ အနည်းစု အစွန်းရောက် ရှေးရိုးစွဲ ဂျူးတွေကြား မကျေနပ်စရာ၊ ထိပ်တိုက်တွေ့စရာ နေရာတခု ဖြစ်နေတာပါ။ အခုလို တိုက်ခိုက်မှုတွေဖြစ်မှာကို စိုးရိမ်လို့ ရဲလုံခြုံရေးအင်အား ရာနဲ့ချီပြီး ချထားခဲ့တာလည်း ဖြစ်ပါတယ်။
6 years Ago
Up