အစ္စရေးပြိုင်ဘက်ကို လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆန်သည့် အီဂျစ် ဂျူဒိုသမား

A d v e r t i s e m e n t With Us

August 13, 2016

အစ္စရေးပြိုင်ဘက်ကို လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆန်သည့် အီဂျစ် ဂျူဒိုသမား

ဘရာဇီးမှာ ကျင်းပနေတဲ့ အိုလံပစ်ပြိုင်ပွဲမှာ အစ္စရေးက ပြိုင်ဘက်ကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တဲ့ အီဂျစ် ဂျူဒိုသမားကို ပရိသတ်တွေက ဆန့်ကျင်အော်ဟစ်ခဲ့ပါတယ်။ ပထမအချီမှာ အရေးနိမ့်သွားတဲ့ အီဂျစ် ဂျူဒိုသမား အယ်ရှီဟာဘီက အစ္စရေး ဂျူဒိုသမား ဆက်ဆွန်က လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းလှမ်းတာကို ခေါင်းခါပြီး ငြင်းဆန်ခဲ့တာလို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒီငြင်းဆန်မှုဟာ ဂျူဒိုအားကစားရဲ့ လုပ်ထုံးလုပ်နည်းကို ချိုးဖောက်မှုတခုဖြစ်ပါတယ်။ ဂျူဒိုသမားတွေဟာ ပြိုင်ဘက်ကို လေးစားကြောင်း ပြသတဲ့အနေနဲ့ ပြိုင်ပွဲအစနဲ့ အဆုံးမှာ ပြိုင်ဘက်ကို လက်ဆွဲ ဒါမှမဟုတ် ဦးညွှတ်နှုတ်ဆက်ရမှာ ဖြစ်ပါတယ်။ ဒိုင်လူကြီးက အယ်ရှီဟာဘီကို ပြန်ခေါ်ယူပြီး ဦးညွှတ်ရမယ်လို့ ပြောဆိုခဲ့ရမှာတော့ သူက အလျင်အမြန် ဦးညွှတ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အပေါ် အယ်ရှီဟာဘီက တစုံတရာ မှတ်ချက်ပေးပြောဆိုခဲ့ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။ နိုင်ငံတကာ ဂျူဒိုအဖွဲ့ချုပ်ကတော့ အာရပ်နိုင်ငံတွေက အစ္စရေးနဲ့ ယှဉ်ပြိုင်ကစားတာဟာ ကြီးမားတဲ့ တိုးတက်မှုတခု ဖြစ်တယ်လို့ ပြောပါတယ်။ မဖြစ်မနေ လက်ဆွဲနှုတ်ဆက်ရမယ်လို့ သတ်မှတ်ထားတာ မရှိပေမယ့် ဦးညွှတ်ဖို့ကတော့ မဖြစ်မနေလိုအပ်တယ်လို့လည်း သူက ပြောပါတယ်။ အယ်ရှီဟာဘီက ဦးညွှတ်ခဲ့သလို နောက်ထပ်အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ပြိုင်ပွဲအပြီးမှာတော့ သူရဲ့ အပြုအမှုကို သုံးသပ်သွားမယ်လို့ နိုင်ငံတကာ ဂျူဒို အဖွဲ့ချုပ်က ပြောပါတယ်။
5 years Ago
Up