အစ္စရေးဝန်ကြီးချုပ်

February 15, 2019

ဝါဆောအစည်းအဝေး သမိုင်းဝင်အလှည့်အပြောင်းဟု အစ္စရေးဝန်ကြီးချုပ် ပြော

အာရပ်ဝန်ကြီးတွေနဲ့ ဆွေးနွေးတဲ့ ဝါဆောမြို့အစည်းအဝေးဟာ သမိုင်းဝင် အလှည့်အပြောင်းတခုပဲလို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောလိုက်ပါတယ်။ ပိုလန်နိုင်ငံ ဝါဆာမြို့မှာ ကျင်းပနေတဲ့ အရှေ့အလယ်ပိုင်း ညီလာခံမှာ ဖေဖော်ဝါရီ ၁၃ ရက်က အစည်းအဝေးအတွင်း ခုလို ပြောလိုက်တာပါ။ အရှေ့အလယ်ပိုင်းက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အကြီးစားခြိမ်းခြောက်မှုဟာ အီရန်အစိုးရပဲဆိုတာ နားလည်တဲ့နေရာမှာ အစ္စရေးဝန်ကြီးချုပ်နဲ့ ထိပ်တန်း အာရပ်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ အပြည့်အဝ ညီညွတ်ပြီး လုံးဝရှင်းရှင်းလင်းလင်း နားလည်သွားတဲ့အတွက် ဒါဟာ သမိုင်းဝင် အလှည့်အပြောင်းပဲလို့ ထင်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောလိုက်ပါတယ်။ “ဒါဟာ ကျနော့်တသက်မှာ မမှတ်မိတဲ့ သွေးစည်းညီညွတ်မှုပဲ။ ဒါဟာ အရှေ့အလယ်ပိုင်းအတွက် ကောင်းတဲ့ ကြီးကျယ်တဲ့ အပြောင်းအလဲ ဖြစ်တယ်။ ကျနော်တို့ဟာ ဘုံခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့ ညီညွတ်နိုင်တယ်။ ဘုံအနာဂတ်ကို ပုံဖော်ဖို့ သိမ်းပိုက်ဖို့ အတူ လုပ်ဆောင်နိုင်တယ်။ ဒါဟာ အခရာဖြစ်တဲ့ လမ်းချိုးပဲ” လို့ နေတန်ယာဟုက ပြောပါတယ်။ အရှေ့အလယ်ပိုင်း ညီလာခံကို နိုင်ငံပေါင်း ၆၀ ကျော်က နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တခြား အရာရှိတွေ တက်ခဲ့တာပါ။ ညီလာခံအတွင်း အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ အီရန်အရေး၊ ဆီးရီးယား နဲ့ ယီမင်နိုင်ငံတွေထဲက ဖြစ်ပွားနေဆဲ ပဋိပက္ခတွေကို ဆွေးနွေးကြမှာပါ။ ဂျာမနီနဲ့ ပြင်သစ်လို ဦးဆောင် ဥရောပနိုင်ငံတွေကတော့ သူတို့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေကို ညီလာခံတက်ဖို့ မလွှတ်ခဲ့ကြပါဘူး။ အမေရိကန်က အီရန်နဲ့ သဘောတူညီချက်ကနေ နုတ်ထွက်ပြီး အီရန်အစိုးရအပေါ် ဒဏ်ခတ်မှု ပြန်စခဲ့တဲ့အတွက် အင်အားကြီး နိုင်ငံတွေကြားက တင်းမာမှုတွေကို ထင်သာမြင်သာ ရှိလာမှာကို စိုးရိမ်နေကြပါတယ်။
2 years Ago

November 18, 2018

အစ္စရေးဝန်ကြီးချုပ် ကာကွယ်ရေးဝန်ကြီးတာဝန် လွှဲပြောင်းရယူ

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ကာကွယ်ရေးဝန်ကြီးတာဝန် လွှဲပြောင်းရယူခဲ့တယ်လို့ ပါတီတာဝန်ရှိသူတဦးက နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပြောပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့က ကာကွယ်ရေးဝန်ကြီး လစ်ဘာမန်း ရာထူးက နုတ်ထွက်သွားတာနဲ့အတူ ညွန့်ပေါင်းအစိုးရ ချည့်နဲ့သွားပြီးနောက် နေတန်ယာဟုက အခုလို တာဝန်လွှဲပြောင်းယူခဲ့တာပါ။ အစောပိုင်းက ၀န်ကြီးချုပ် နေတန်ယာဟုဟာ Jewish Home Party က အဓိက မဟာမိတ် နာ့ဖ်တာလီ ဘန်းနက်နဲ့ တွေ့ဆုံခဲ့ပေမယ်လို့ သူတို့နှစ်ဦးကြား သဘောတူညီချက် မရခဲ့ပါဘူး။ အဲဒီလို တွေ့ဆုံပြီးနောက် ကာကွယ်ရေးဝန်ကြီးတာဝန်ကို နေတန်ယာဟုကိုယ်တိုင်  ကိုင်တွယ်မယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ လွှတ်တော်ရွေးကောက်ပွဲ ပြီးရင်တော့ နေတန်ယာဟုရဲ့ လစ်ကွတ်ပါတီဟာ လွှတ်တော်အတွင်း ဆက်လက်လွှမ်းမိုးနိုင်ဖွယ်ရှိတယ်လို့ လူထုသဘောထား စစ်တမ်းအရ သိရပါတယ်။
2 years Ago
More News
Up