အစ္စရေးမြောက်ပိုင်းတွင် လောင်ကျွမ်းနေသည့်မီးကြောင့် ဒေသခံသောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေး

A d v e r t i s e m e n t With Us

November 25, 2016

အစ္စရေးမြောက်ပိုင်းတွင် လောင်ကျွမ်းနေသည့်မီးကြောင့် ဒေသခံသောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေး (ရုပ်သံ)

အစ္စရေးနိုင်ငံ မြောက်ပိုင်းမှာ မီးလောင်ကျွမ်းနေတဲ့ မီးကြောင့် ဒေသခံတသောင်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ နိုဝင်ဘာ ၂၄ ရက်နေ့မှာတော့ မီးကြောင့် ဟိုင်ဖာဒေသက ပြည်သူတွေရဲ့ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာတွေ များစွာ လောင်ကျွမ်းဆုံးရှုံးနေပါတယ်။ ဟိုင်ဖာမြို့တော်ဝန်ကတော့ မီးကြောင့် လူသေဆုံးတာမရှိပေမယ့် ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို မီးလောင်ပျက်စီးနေတယ်၊ လူတွေကို မထိခိုက်မိတာကိုလည်း ဘုရားသခင်ကို ကျေးဇူးတင်တယ်၊ မီးငြှိမ်းသတ်နိုင်အောင်လည်း ကြိုးစားဆောင်ရွက်နေသလို ဒီလိုဖြစ်ရပ်မျိုးဟာ ဒီမြို့ရဲ့သမိုင်းမှာ ပထမဆုံးဖြစ်ရပ်ဖြစ်တယ်လို့လည်း မြို့တော်ဝန်က ပြောပါတယ်။ ဒေသခံတဦးကတော့ သူ့အမေအိမ် မီးလောင်သွားတယ်၊ ဒီအိမ်မှာနေလာတာ ၃၅ နှစ်လောက်ရှိခဲ့ပြီလို့ ပြောပါတယ်။ ဒီမီးဟာ ဟိုင်ဖာဒေသအနီးက တောမီးလောင်ကျွမ်းမှုဖြစ်ပြီး မီးငြှိမ်းသတ်နိုင်အောင် တခြားနိုင်ငံတွေက အကူအညီပေးနေပါတယ်။
4 years Ago
Up