အစ္စရေးဘောလုံးအသင်း

May 19, 2018

အစ္စရေးဘောလုံးအသင်းအား တိုက်ခိုက်မှုဖြင့် လူ ၈ ဦးကို ထောင်ဒဏ်ချမှတ်

ကိုဆိုဗိုနိုင်ငံက တရားရုံးတရုံးက ၂၀၁၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွင်း အယ်လ်ဘားနီးယား မြို့ထဲမှာ အစ္စရေးအမျိုးသား ဘောလုံးအသင်းကို တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ အမျိုးသား ၈ ယောက် မေလ ၁၈ ရက်က ထောင်ဒဏ် စီရင်လိုက်ပါတယ်။ မြို့တော်တရားရုံးက ကိုဆိုဗိုနိုင်ငံသားတွေချည်း ဖြစ်တဲ့ ခုခံလျှောက်လဲသူတွေကို ထောင်ဒဏ် ၁၀ နှစ်ကနေ ၁၈ နှစ်ကြား အသီးသီးနဲ့ စုစုပေါင်းထောင်ဒဏ် ၃၅ နှစ်ကျော် ချမှတ်လိုက်ပါတယ်။ ကိုးယောက်မြောက် လျှောက်လဲသူကိုတော့ ဒဏ်ငွေ ယူရို ၂၅၀၀ ပေးဆောင်ဖို့ အမိန့်ချပါတယ်။ သူတို့အုပ်စုဟာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ အလိုအလျောက် ပစ်ခတ်နိုင်တဲ့ ရိုင်ဖယ်သေနတ်တွေ သုံးပြီး အစ္စရေးအဖွဲ့ကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။ ဒီကြံစည်မှုကို ကိုဆိုဗိုရဲတွေက သတင်းအနံ့ရခဲ့လို့ အယ်လ်ဘေးနီးယား အာဏာပိုင်တွေကို သတင်းပေးခဲ့တာပါ။ ဒါကြောင့် ဘောလုံးပွဲကို ကိုဆိုဗိုနယ်စပ်နား ရှကိုဒါမြို့ထဲက အားကစားရုံကနေ အယ်လ်ဘေးနီးယား မြို့တော် တီရန်နာနဲ့ ပိုနီးတဲ့ မြို့တမြို့ဆီ ပြောင်းရွှေ့ ကျင်းပခဲ့ရပါတယ်။
4 years Ago
Up