အစ္စရေးတောမီး ထိန်းချုပ်နိုင်ရေး အမေရိကန် အဆင့်မြင့်မီးသတ်လေယာဉ်ကြီးဖြင့် ငြှိမ်းသတ်

A d v e r t i s e m e n t With Us

November 28, 2016

အစ္စရေးတောမီး ထိန်းချုပ်နိုင်ရေး အမေရိကန် အဆင့်မြင့်မီးသတ်လေယာဉ်ကြီးဖြင့် ငြှိမ်းသတ် (ရုပ်သံ)

အစ္စရေးနိုင်ငံ၊ နယ်မြေအများအပြားမှာ ဆက်လက်လောင်ကျွမ်းနေတဲ့ တောမီးတွေကို  အစ္စရေးအစိုးရက အရှိန်မြှင့် ငြှိမ်းသတ်နေပါတယ်။ လုံခြုံရေးအာဏာပိုင်တွေကတော့ ဒီတောမီးတွေကို စရှို့တယ်လို့ သံသယရှိသူ ပါလက်စတိုင်း ၁၀ ယောက်ကျော်ကို ဖမ်းဆီးရမိထားတယ်လို့ ပြောပါတယ်။ အမေရိကန်နိုင်ငံက လာရောက်တဲ့ မီးသတ်လေယာဉ်ကြီးက ဂျေရုစလင်မြို့နဲ့ တဲလ်အဗစ်မြို့တော်တို့ကို ဆက်သွယ်တဲ့ လမ်းမကြီးမှာ မီးမကူးစက်လာအောင် ရေလောင်းပေးနေတာပါ။ ဒီ ဘိုးရင်း 747 အကြီးစားမီးသတ်လေယာဉ်ကြီးဟာ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး နည်းပညာတွေ တပ်ဆင်ထားတဲ့ မီးသတ်လေယာဉ်ကြီး ဖြစ်ပါတယ်။ အဓိကနေရာတွေမှာ ထိန်းချုပ်ထားနိုင်ပေမယ့် နိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အသိမ်းပိုက်ခံ အနောက်ဘက်ကမ်း နေရာတချို့မှာ တောမီးက ၅ ရက်ဆက်တိုက် အပြင်းအထန် လောင်ကျွမ်းနေတာပါ။ ပါလက်စတိုင်း မီးသတ်တပ်ဖွဲ့တွေ၊ ဂရိ၊ ဆိုက်ပရပ်စ်၊ ခရိုအေးရှား၊ အီတလီ၊ ရုရှားနဲ့ တူရကီနိုင်ငံတွေကလည်း မီးငြှိမ်းသတ်ရေး အကူအညီတွေ ရရှိနေပါတယ်။ အခုနှစ် အစ္စရေးနိုင်ငံမှာ ရာသီဥတုခြောက်သွေ့နေချိန် အစ္စရေးနိုင်ငံ၊ ပျက်စီးရာပျက်စီးကြောင်း လုပ်ကြံသူတွေက တမင်မီးရှို့ခဲ့တာလို့ ၀န်ကြီးချုပ် နေတန်ရာဟုက ပြောဆိုပါတယ်။
4 years Ago
Up