အစ္စရေးကောင်စစ်ဝန်

May 17, 2018

အစ္စရေးကောင်စစ်ဝန်ကို တူရကီ နှင်ထုတ်

တူရကီက အစ္စရေးကောင်စစ်ဝန်ကို နိုင်ငံကနေ နှင်ထုတ်လိုက်တယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၆ ရက်နေ့မှာ ပြောကြားပါတယ်။ ဂါဇာဒေသ ဆန္ဒပြမှုအပေါ် အစ္စရေးက ပစ်ခတ်နှိမ်နင်းတဲ့ ကိစ္စအပြီးမှာ တူရကီက အစ္စရေးကောင်စစ်ဝန်ကို အခုလို နှင်ထုတ်လိုက်တာ ဖြစ်ပါတယ်။ အမေရိကန်သံရုံး ဂျေရုဆလင်မြို့ကို ပြောင်းရွှေ့လိုက်အပြီး ဂါဇာဒေသမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေကို အစ္စရေးက ပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် လူ ၆၀ ကျော် သေဆုံးခဲ့ပါတယ်။ မေလ ၁၄ ရက်က ဖြစ်ပွားခဲ့တဲ့ ဂါဇာ သွေးချောင်းစီးမှုဟာ ၂၀၁၄ ဂါဇာ ပဋိပက္ခနောက်ပိုင်း လူအသေအပျောက် အများဆုံး ဖြစ်တယ်လို့ တူရကီဝန်ကြီးချုပ် အာဒိုဂန်က ပြောကြားပါတယ်။ တူရကီဟာ အစ္စရေးသံအမတ်ကို နှင်ထုတ်ထားသလို၊ အစ္စရေးနဲ့ အမေရိကန်မှာ ရှိတဲ့ သူ့ရဲ့ သံအမတ်တွေကိုလည်း ပြန်ခေါ်ထားပါတယ်။ အစ္စရေးကလည်း ဂျေရုဆလင်မှာ ရှိတဲ့ တူရကီ ကောင်စစ်ဝန်ချုပ်ကို နှင်ထုတ်ထားတာပါ။ အခုဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး အစ္စလာမ္မစ်နိုင်ငံတွေ အရေးအပါ် အစည်းအဝေး လုပ်ကြဖို့ တူရကီက မေ ၁၁ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။
3 years Ago
Up