အစ္စရေးဝန်ကြီးချုပ်ကတော်

October 8, 2018

လိမ်လည်မှုဖြင့် စွဲချက်တင်ခံရသည့် အစ္စရေးဝန်ကြီးချုပ်ကတော် တရားရင်ဆိုင်

လိမ်လည်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ အစ္စရေးဝန်ကြီးချုပ်ကတော် ဆာရာဟာ တရားရင်ဆိုင်ဖို့ အောက်တိုဘာ ၇ ရက်နေ့က  တရားရုံးကို ရောက်ရှိလာခဲ့ပါတယ်။ ဝန်ကြီးချုပ်ကတော် ဆာရာဟာ စားသောက်ဖွယ်ရာ မှာယူရာမှာ နိုင်ငံတော်ရန်ပုံငွေ အလွဲသုံးစားပြုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာပါ။ ပြီးခဲ့တဲ့ ဇွန်လက တိုင်တန်းထားတဲ့ စွဲချက်အရ ဆာရာနေတန်ယာဟုဟာ နိုင်ငံတော် ရန်ပုံငွေ ဒေါ်လာ ၁ သိန်းကျော် လိမ်လည်ရယူပြီး  စားသောက်ဆိုင်တွေဆီကနေ မှာယူခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်တာဟာ ဝန်ကြီးချုပ်နေအိမ်မှာ စားဖိုမှူးခန့်အပ်ထားရင် အပြင်က မှာယူခွင့် တားမြစ်တဲ့ စည်းမျဉ်းသတ်မှတ်ချက်ကို ဘောင်ကျော်ပြုလုပ်တာလို့ စွဲချက်ကဆိုပါတယ်။ ဝန်ကြီးချုပ်ကတော် ဆာရာကတော့ သူဟာ အမှားအယွင်း မလုပ်ဘူးဆိုပြီး ငြင်းဆိုထားပါတယ်။ ဝန်ကြီးချုပ်ကတော် ဆာရာနေတန်ယာဟုကို လိမ်လည်မှု၊ ယုံကြည်မှု ပျက်ပြားစေမှုနဲ့ ကုန်ပစ္စည်းလက်ခံတဲ့ လိမ်လည်လှည့်ဖျား မှုတွေနဲ့ စွဲချက်တင်ထားပါတယ်။ တကယ်လို့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် သူဟာထောင်ဒဏ် ၅ နှစ် အထိ ကျခံရနိုင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up