အစ္စရေးမှာရှိတဲ့ အယ်လ်ဂျာဇီးယား သတင်းဌာနကို ပိတ်ပစ်တဲ့ကိစ္စဟာ လွတ်လပ်တဲ့ သတင်းစာပညာကို နှုတ်ပိတ်လိုက်တာလို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ပြောပါတယ်။
အစ္စရေးမှာရှိတဲ့ ကာတာအခြေစိုက် အယ်လ်ဂျာဇီးယား သတင်းဌာနရုံးကို ပိတ်ပစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်လို့လည်း အယ်လ်ဂျာဇီးယား သတင်းဌာနက ပြောကြားပါတယ်။
“ဒီကိစ္စဟာ လွတ်လပ်တဲ့ ဂျာနယ်လစ်တွေ ကိုယ့်အလုပ်ကိုယ့်လုပ်တာကို ပိတ်ပင်တားဆီးတဲ့ လုပ်ရပ်ပါ။ လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ အခြေခံ နိုင်ငံတကာဥပဒေမူတွေကို ထိပါးတဲ့ကိစ္စပါ။ လူ့အခွင့်အရေးဖြစ်တဲ့ သတင်းဖော်ပြခွင့်၊ သိခွင့်ဆိုတာတွေကို ထိပါးတာပါ။ နောက်ပြီး ဝမ်းနည်းစရာကောင်းတာက အရှေ့အလယ်ပိုင်းမှာ တခုတည်းသော ဒီမိုကရေစီနိုင်ငံလို့ ကြွေးကြော်ထားတဲ့ နိုင်ငံတနိုင်ငံက ဒီလို ၂၁ ရာစုခေတ်ကြီးမှာ သတင်းသမားတွေ၊ မီဒီယာအဖွဲ့အစည်းတွေကို ဖမ်းဆီးထိန်းချုပ်တယ်ဆိုတာ ဝမ်းနည်းစရာပါ။ သူတို့မကြိုက်တဲ့ မူဝါဒတွေ၊ လုပ်ရပ်တွေနဲ့ သတင်းအလုပ်လုပ်နေတာကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ကိစ္စဟာ ဝမ်းနည်းစရာပါ” လို့ အယ်လ်ဂျာဇီးယား အကြီးတန်းသတင်းထောက် ဂျမယ်လ်အယ်လ်ရှယယ်လ်က ပြောပါတယ်။
“ဒီကိစ္စကို တရားရုံးကနေ ကျနော်တို့ တရားဥပဒေကြောင်းအရ ရင်ဆိုင်သွားမှာပါ။ ဘာလို့လဲဆိုတော့ ကျနော်တို့ တရားဥပဒေစိုးမိုးမှုကို ယုံကြည်ပါတယ်။ တရားရေးကျင့်ထုံးနဲ့ ညီညွတ်မှုရှိရမယ်ဆိုတဲ့ ကိစ္စကိုလည်း ယုံကြည်ပါတယ်။ ဒီလမ်းကြောင်းကနေ ကျနော်တို့ ဆက်လုပ်သွားမှာပါ” လို့ အယ်လ်ဂျာဇီးယား ဂျမယ်လ်အယ်လ်ရှယယ်လ်က ပြောကြားသွားပါတယ်။
5 years Ago