အစ္စရေးတပ်သား

June 3, 2018

အစ္စရေးတပ်သားများကို ကားဖြင့်တိုက်ရန်ကြိုးစားသည့် ပါလက်စတိုင်းတဦးကို အသေပစ်ခတ်

အသိမ်းပိုက်ခံ ဂါဇာအနောက်ဘက်ကမ်းဒေသမှာ အစ္စရေးတပ်သားတွေကို ကားနဲ့ဝင်တိုးဖို့ကြိုးပမ်းတဲ့ ပါလက်စတိုင်း တဦးကို ဇွန်လ ၂ ရက်နေ့မှာ အသေ ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒီဖြစ်ရပ်မှာ အစ္စရေးတပ်ဖွဲ့တွေ ဒဏ်ရာရသွားတာမျိုးမရှိဘူးလို့ အစ္စရေး စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။ ကားနဲ့ဝင်တိုးဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ အမျိုးသား သေဆုံးခဲ့တယ်ဆိုတာကို ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပြီး အသေးစိတ် ပြောကြားခြင်းမရှိပါဘူး။ ဂါဇာကမ်းမြောင်မှာ မတ် ၃၀ ရက်နေ့ကတည်းက စတင်တဲ့ ပါလက်စတိုင်းတွေရဲ့ ဆန္ဒပြပွဲတွေကို အစ္စရေးတပ်ဖွဲ့တွေက သတ်ဖြတ်လို့ ပါလက်စတိုင်း ၁၁၉ ဦး သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ မေလ ၂၉ ရက်တုန်းက ပါလက်စတိုင်းစစ်သွေးကြွတွေက ဂါဇာက အစ္စရေး တပ်သားတွေကို ဗုံးတွေ၊ ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့လို့ အစ္စရေးဘက်က လေကြောင်း တိုက်ခိုက်တာတွေ ပြန်လုပ်ခဲ့ပါတယ်။
3 years Ago
Up