အစ္စရေးစုံတွဲအား

January 26, 2018

အစ္စရေးစုံတွဲအား သတ်ဖြတ်ခဲ့သူ ၂ ဦးကို ထိုင်းရဲဖမ်းဆီး

ထိုင်းနိုင်ငံ ဆမွေကျွန်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က အစ္စရေးစုံတွဲနှစ်ဦးအား သတ်ဖြတ်ခဲ့တဲ့ အစ္စရေးနိုင်ငံသားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၂ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး လူသတ်မှု၊ လူသတ်ဖို့ကြံစည်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ အစ္စရေးနိုင်ငံသားတွေဖြစ်ကြတဲ့ ဒိုးလက်ဇဝါးရက်ဇ် (၂၄ နှစ်) နဲ့ အဗယ်ဘိုက်ယ် (၂၅ နှစ်) တို့ဟာ အခုသတ်ဖြတ်ခံခဲ့ရတဲ့ စုံတွဲနှစ်ဦးရဲ့ ဆိုင်ကယ်နောက်ကို မော်တော်ကားနဲ့ လိုက်တိုက်ခဲ့ပြီး ဓားနဲ့ အကြိမ်ကြိမ်ထိုးသတ်ခဲ့တာပါ။ တိုက်ခိုက်ခံရသူ စုံတွဲနှစ်ဦးဟာလည်း အစ္စရေးနိုင်ငံသားတွေဖြစ်ပြီး မာအော်မာလီလီလ် (၃၄ နှစ်) နဲ့ ရေချယ်အိုဆာနာ (၃၁ နှစ်) တို့ ဖြစ်ပါတယ်။ သံသယရှိသူ အစ္စရေးနိုင်ငံသားနှစ်ဦးကို ဇန်နဝါရီ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး မေးမြန်းစုံစမ်းဖို့ ဆမွေကျွန်းကို ပြန်လည်ခေါ်ဆောင်သွားခဲ့ပါတယ်။ သံသယရှိသူတဦးက  မာအော်မာလီလီလ်ကို သေတဲ့အထိ ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။ တိုက်ခိုက်ခံရသူနှစ်ယောက်မှာ မာလီလီလ်ဟာ သေဆုံးသွားခဲ့ပြီး အိုဆာနာကတော့ အသေမသေပေမယ့် ဒဏ်ရာအပြင်းအထန် ရထားပါတယ်။ တိုက်ခိုက်သူနဲ့ တိုက်ခိုက်ခံရသူတွေဟာ အရင်ကတည်းက သိကျွမ်းခဲ့သူတွေဖြစ်ပြီး ရာဇဝတ်ဂိုဏ်း တခုတည်းက ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောဆိုကြောင်း ထိုင်းသတင်းတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up