အစ္စရေးစစ်သားကို ဓားဖြင့်ထိုးရန်ကြိုးစားသည့် ဆယ်ကျော်သက် ပစ်သတ်ခံရ (ရုပ်သံ)

September 22, 2016

အစ္စရေးစစ်သားကို ဓားဖြင့်ထိုးရန်ကြိုးစားသည့် ဆယ်ကျော်သက် ပစ်သတ်ခံရ (ရုပ်သံ)

ပါလက်စတိုင်းဆယ်ကျော်သက်တဦးဟာ အစ္စရေးစစ်သားတဦးကို ဓားနဲ့ ထိုးဖို့ ကြိုးစားခဲ့ပြီးနောက်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ပါလက်စတိုင်းမြို့တမြို့ဖြစ်တဲ့ ဟီဘရွန်းမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေးဟဟာ အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားခဲ့တာကို တွေ့ရပါတယ်။ သူဟာ အစ္စရေးကာကွယ်ရေးတပ်မှ လုံခြုံရေးတပ်သားတဦးဆီကို ချဉ်းကပ်သွားခဲ့ကာ စာရွက်တချို့ကို ပြဖို့အရင်ကြိုးစားခဲ့ပါတယ်။ အဲဒီနောက်တော့ သူဟာ အနီးကို တဖြည်းဖြည်းနီးကပ်လာချိန်မှာတော့ ဓားကို ရုတ်တရက် ဆွဲထုတ်လိုက်ကာ အဆိုပါစစ်သားကိုထိုးဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် စစ်သားဟာ ရှောင်ထွက်သွားနိုင်ခဲ့ချိန်မှာ သူက အနီးမှ နောက်စစ်သား တဦးကို ထိုးဖို့ ကြိုးစားခဲ့ချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မြေပြင်ပေါ်လဲကျခဲ့ချိန်မှာ သေနတ်နဲ့ ပစ်ခံခဲ့ရတာပါ။ အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ “ဘာနီနိုင်းရွာအ၀င် ၀င်ပေါက်စစ်ဆေး ရေးဂိတ်နားမှာ ဓားကိုင်ပြီး တာဝန်ကျတပ်သားကို ခြိမ်းခြောက်ရန်ပြုခဲ့တာမို့ ခုလိုတုံ့ပြန်ခဲ့ ရတာပါ”လို့ ရေးခဲ့ပါတယ်။ သေဆုံးသူဟာ ဘာနီနိုင်းရွာမှာ နေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် အစ်ဆာ တာ ရေရာအမည်ရသူဖြစ်တယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုပြော ဆိုပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး သီတင်းတပါတ်အတွင်း ၉ ကြိမ်မြောက်ဖြစ်တဲ့ ရုန်းရင်းဆန်ခတ်မှုဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း အစ္စရေးရဲမေတဦးဟာ ဂျေရုဆလင် ရှေးဟောင်းမြို့တော်ပြင်ပမှာ ဓားနဲ့ထိုးခံရပြီး အရေးပေါ် ဆေးဝါးကုသမှုခံယူနေရတာပါ။ အစ္စရေးနဲ့ ပါလက်စတိုင်းကြား အပြန်အလှန်တိုက်ခိုက်မှုတွေဟာ ဟီဘရွန်းအနီးမှာ မကြာခဏ ဖြစ်လေ့ရှိတာမို့ အစ္စရေးအာဏာပိုင်တွေဟာ အဆိုပါဒေသအနီးတ၀ိုက်က ပါလက်စ တိုင်းဈေးဆိုင်တွေကို ပိတ်ခဲ့ရတာပါ။ အေအက်ဖ်ပီသတင်းဌာနရဲ့ အဆိုအရ အောက်တိုဘာလမှစတင်ကာ လက်ရှိအ ချိန်ထိ ပါလက်စတိုင်းဦးရေ ၂၃၀၊ အစ္စရေးဦးရေ ၃၄၊ အမေရိကန် ၂ ဦး၊ ဂျော်ဒန်နိုင်ငံ သား ၂ ဦး၊ ဆူဒန်နိုင်ငံသား ၁ ဦးတို့ သေဆုံးခဲ့ပြီးဖြစ်ကာ ဒေသတွင်းမှာ ဆူပူလှုပ်ရှားမှု တွေ ဆက်ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
6 years Ago
Up