အစ္စရေးစစ်တပ်က

April 28, 2018

အစ္စရေးစစ်တပ်က ဆန္ဒပြသူ ၃ ဦးအား အသေပစ်သတ်ခဲ့မှု ကုလဝေဖန်

  အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာနယ်စပ်မှာ ဆန္ဒပြနေသူတွေထဲက ၃ ယောက်ကို ဧပြီ ၂၇ ရက်နေ့မှာ အသေပစ်သတ်ခဲ့လို့ ဆန္ဒပြသူတွေကို အင်အား အလွန်အကျွံသုံးနေတယ်လို့ ကုလသမဂ္ဂက ဝေဖန်ခဲ့ပါတယ်။ ဆန္ဒပြသူနောက် ၂ ဦးဟာ ကျည်မှန်ပြီး အရေးပေါ်အခြေအနေမှာရှိနေတယ်၊ နောက်ထပ် အယောက် ၆၀၀ နီးပါးလည်း ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေး အရာရှိတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲက အယောက် ၂၀၀ ဟာ သေနတ်ဒဏ်ရာရခဲ့ပြီး အဲဒီထဲမှာ ခြေထာက်ကို အပစ်ခံရတဲ့ ပါလက်စတိုင်း သတင်းသမားတဦးလည်း ပါတယ်လို့ ဂါဇာကျန်းမာရေး ၀န်ကြီးဌာနက ပြောပါတယ်။ ပါလက်စတိုင်း ဒေသခံတွေဟာ ကိုယ့်ဘိုးဘွားမြေမှာ ပြန်အခြေချရေးအတွက် မတ် ၃၀ ရက်နေ့က စပြီး ဂါဇာနယ်စပ်မှာ ဆန္ဒပြနေကြတာပါ။ အဲဒီအချိန်ကနေ ခုထိ အစ္စရေးတပ်ဖွဲ့တွေ ပစ်ခတ်လို့ ပါလက်စတိုင်း ၄၁ ယောက်သေဆုံးပြီး အယောက် ၅၀၀၀ ကျော် ဒဏ်ရာရထားပါတယ်။
3 years Ago
Up