အစ္စရေးကလေးငယ်

August 30, 2018

အစ္စရေး ၅ နှစ်သမီးလေး ရှည်လျားလှပသည့် ဆံနွယ်ခွေများကြောင့် နာမည်ကြီးနေ (ဓာတ်ပုံ)

အစ္စရေးနိုင်ငံက ၅ နှစ်သမီးလေးဟာ ရှည်လျားလှပတဲ့ ဆံနွယ်တွေကြောင့် နာမည်ကြီးနေပြီး အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပရိသတ် ၅ သောင်းနီးပါး ရှိနေပါတယ်။ သူ့ရဲ့နာမည်ကိုတော့ မီယာ အက်ဖလာလိုလို့ သိရပြီး တဲလ်အဗစ်ဗ်မြို့မှာ နေထိုင်ကာ လက်ရှိမှာတော့ ထွန်းတောက်လာမယ့် မော်ဒယ်ကောင်မလေးဆိုပြီး ပရိသတ်တွေကြား နာမည်ကြီးနေတာပါ။ မီယာအက်ဖလာလိုဟာ ဗြိတိန်နာမည်ကြီး မဂ္ဂဇင်းတစောင်ဖြစ်တဲ့ Vogue မှာလည်း မော်ဒယ်အဖြစ် အလှဓာတ်ပုံ ရိုက်ကူးခဲ့ပြီး ဖြစ်ပါတယ်။ သူ့ရဲ့ ဆံပင်အလှဖန်တီးရှင်တဦးဖြစ်တဲ့ ဆာဂီ ဒါဟာရီကတော့ မီယာဟာ ပါးနပ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ကလေးငယ်တဦးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ခုလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အများက စိတ်ဝင်စားမှုတွေ မြင့်တက်လာမှုအပေါ် မီယာရဲ့ မိခင်ကတော့ စိုးရိမ်စိတ်ပူနေခဲ့ပါတယ်။ အင်စတာဂရမ် စာမျက်နှာပေါ်မှာတော့ မီယာရဲ့ ဆံပင်ပုံစံအမျိုးမျိုးနဲ့ ရိုက်ကူးထားခဲ့တဲ့ အလှဓာတ်ပုံတွေ အများကြီး တင်ထားခဲ့ပြီး ဆံပင်အခွေလိုက် ကောက်ထားတဲ့ ပုံတပုံဟာဆိုရင် ပရိသတ် ၈၀၀၀ ကျော်ထိ ရှိနေခဲ့တာကို တွေ့ရပါတယ်။ အင်စတာဂရမ် အသုံးပြုသူ ပရိသတ်ထဲက တယောက်ကတော့ “တကယ့်ကို အံ့မခန်း လှပတဲ့ မိန်းကလေးပဲ” လို့ မှတ်ချက်ရေးခဲ့တာပါ။ တချို့ကလည်း ငယ်ရွယ်လွန်းတဲ့ မီယာရဲ့ အလှဓာတ်ပုံတွေကို အွန်လိုင်းပေါ်မှာ မသမာတဲ့သူတွေ အသုံးချသွားမှာ စိတ်ပူစရာကောင်းတယ်လို့ ဝေဖန်မှတ်ချက်တွေ ပေးနေကြပါတယ်။ တယောက်ကတော့ “တကယ်လို့ ကျမမှာ ခုလိုအရွယ် သမီးလေးတယောက်ရှိရင် ဒီလိုမျိုး ခွင့်မပြုဘူး” လို့ ရေးခဲ့တာကို တွေ့ရပါတယ်။ ဓာတ်ပုံ - [email protected]  
3 years Ago
Up