အစ္စတန်ဘူလ်

February 8, 2019

တူရကီတွင် ပြိုကျခဲ့သည့် ၈ ထပ် အဆောက်အဦမှ ၅ နှစ်အရွယ် မိန်းကလေးကို ကယ်ဆယ်

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ၈ ထပ် အဆောက်အဦ ပြိုကျမှုမှာ ပိတ်မိနေတဲ့ ၅ နှစ်အရွယ် မိန်းကလေးတဦးကို ၁၉ နာရီအကြာ ဖေဖော်ဝါရီ ၇ ရက်နေ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေက အသက်ရှင်သူတွေကို အချိန်လုရှာနေတုန်းမှာ မိန်းကလေးငိုသံ ကြားမိပြီး အလျင်အမြန် ကယ်ဆယ်နိုင်ခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ အခုချိန်ထိ သေဆုံးသူ ၃ ဦးရှိပြီး ၁၃ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ ၁၂ ဦးက ဆေးရုံမှာ ကုသမှု ခံယူနေပြီး အဲဒီထဲက ၃ ဦးဟာ အခြေအနေ စိုးရိမ်ရတယ်လို့ မြို့တော်ဝန်က ဆိုပါတယ်။ လူနေအခန်း ၁၄ ခန်းရှိတဲ့ အဲဒီအဆောက်အဦမှာ စာရင်းရှိ နေထိုင်သူ ၄၃ ဦးရှိပြီး အပြိုအပျက်တွေအောက် ဘယ်နှယောက် ပိတ်မိနေလဲဆိုတာတော့ မသိရသေးပါဘူး။
3 years Ago

February 7, 2019

တူရကီတွင် ၈ ထပ်အဆောက်အဦတလုံး ပြိုကျ၊ လူ ၂ ဦးထက်မနည်း သေဆုံး

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ဖေဖော်ဝါရီ ၆ ရက်နေ့က လူနေ ၈ ထပ် အဆောက်အဦတလုံး ပြိုကျခဲ့ပြီးနောက် ၂ ဦးထက်မနည်း သေဆုံးပြီး ၆ ဦး ဒဏ်ရာရတယ်လို့ မြို့တော်ဝန်ရုံးက သတင်းထုတ်ပြန်ပါတယ်။ အဲဒီနေရာကနေ လူ ၃ ဦးကို ကယ်ဆယ်ရေးသမားတွေက အသက်ရှင်ရက် ဆွဲထုတ်နိုင်ခဲ့ပါတယ်။ ပြိုကျတဲ့တိုက်က အခန်း ၁၄ ခန်းမှာ လူ ၄၃ ဦး နေထိုင်တယ်လို့ မှတ်ပုံတင်ထားပြီး  အဆောက်အဦ အပေါ်ဆုံး ၃ ထပ်ကို တရားမဝင် ဆောက်ထားတယ်လို့ မြို့တော်ဝန်က သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် အောက်ဆုံးထပ်က အထည်အလိပ်လုပ်ငန်းကို လိုင်စင်မဲ့ လုပ်ကိုင်နေတယ်လို့ မြို့တော်ဝန်က ပြောကြားပါတယ်။ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့က ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ သမ္မတ အာဒိုဂန်ကလည်း အဆောက်အဦ ပြိုကျရာနေရာကို ပြည်ထဲရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးတွေ စေလွှတ်ခဲ့တယ်လို့ အနာတိုလူ သတင်းဌာနက ထုတ်ပြန်ပါတယ်။
3 years Ago
More News
Up