အစ္စကို

January 14, 2019

အစ္စကို ကို ခေါ်ယူရန် ဂျူဗင်တပ် ကြိုးပမ်း

အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား အစ္စကိုကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတယ်လို့ အီတလီသတင်းစာ Tuttosport က ဖော်ပြသွားပါတယ်။ စပိန်လက်ရွေးစင် အစ္စကိုဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးနေသူဖြစ်ပြီး ဂျူဗင်တပ်အသင်းက အမှန်တကယ် ကမ်းလှမ်းမယ်ဆိုရင် လက်ခံစဉ်းစားဖို့ ရှိနေတာပါ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းဘက်ကတော့ ဂျူဗင်တပ်အသင်းအနေနဲ့ အစ္စကိုကို ခေါ်ယူလိုတယ်ဆိုရင် တိုက်စစ်မှူး ဒိုင်ဘားလားကို ပြန်လည်ခေါ်ယူလိုကြောင်း ပြောဆိုထားတယ်လို့ Tuttosport သတင်းစာက ဖော်ပြခဲ့ပါတယ်။ အသက် ၂၆ နှစ်ရှိ အစ္စကိုကို ရီးရဲလ်မက်ဒရစ်အသင်းက စာချုပ်မပြည့်ခင် ခေါ်ယူမယ်ဆိုရင် လျော်ကြေး ပေါင်သန်း ၆၄၀ သတ်မှတ်ထားပေမယ့် လက်ရှိအချိန်မှာတော့ ပေါင်သန်း ၇၀ လောက်နဲ့ ကမ်းလှမ်းမယ်ဆိုရင်တောင် လက်ခံစဉ်စားဖွယ်ရှိတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်အသင်းဘက်ကတော့ အာဂျင်တီးနားတိုက်စစ်မှူး ဒိုင်ဘားလားကို ပေါင်သန်း ၁၀၀ လောက် သတ်မှတ်ထားပြီး ရီးရဲလ်အသင်းအနေနဲ့ အစ္စကိုကို အလိုက်ပေးပြီး ခေါ်ယူလိုနေတာလည်း ဖြစ်ပါတယ်။ အခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်ကွင်းလယ်လူ အစ္စကိုက စုစုပေါင်း ၂၁ ပွဲမှာ ၄ ဂိုးသွင်း ၁ ဂိုး ဖန်တီးမှု ပြုလုပ်ထားပြီး ဂျူဗင်တိုက်စစ်မှူး ဒိုင်ဘားလားကတော့ ၂၂ ပွဲကစားပြီး ၇ ဂိုး သွင်းယူပေးထားပါတယ်။
2 years Ago

December 19, 2018

ရီးရဲလ်အသင်းက ကွင်းလယ်လူ အစ္စကိုအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ သတ်မှတ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်စီးတီးအသင်းက ခေါ်ယူလိုနေတဲ့ အစ္စကိုအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ မန်စီးတီးအသင်းဟာ နည်းပြ ဂွါဒီယိုလာရဲ့ ဆန္ဒအရ စပိန်ကွင်းလယ်လူ အစ္စကိုကို ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ပြောင်းရွှေ့ကြေးနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ ရှိနေတာပါ။ စပိန်သတင်းစာ AS ရဲ့ အဆိုအရ ရီးရဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်ဟာ အစ္စကိုအတွက် ပေါင်သန်း ၁၀၀ အထက် အလိုရှိနေတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေကြောင့် မန်စီးတီးအသင်းအနေနဲ့ အစ္စကိုအတွက် ပေါင်သန်း ၁၀၀ သုံးနိုင်မလားဆိုတာ အပြောင်းအရွှေ့ဈေးကွက်မှာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။ အသက် ၂၆ နှစ်ရှိ အစ္စကိုဟာ အခုနှစ်ဘောလုံးရာသီမှာ ရီးရဲလ်အသင်းအတွက် ၁၇ ပွဲကစားပြီး ၄ ဂိုး သွင်းယူထားပါတယ်။
2 years Ago
More News
Up