ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ အစ္စကိုကို မန်ယူနဲ့ လီဗာပူးအသင်းတွေက အပြိုင်ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
စပိန်ကွင်းလယ်လူ အစ္စကိုဟာ ရီးရဲလ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး လိဂ်ပွဲစဉ် ၅ ပွဲပဲ ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
အီတလီသတင်းစာ Tutttosport ရဲ့ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အစ္စကိုကို မန်ယူနဲ့ လီဗာပူးအသင်းတွေက အပြိုင်ကမ်းလှမ်းဖို့ စိတ်ဝင်စားနေကြတယ်လို့ ဆိုပါတယ်။
ရီးရဲလ်အသင်းဟာ ကိုပါဒယ်ရေးဖလားမှာ ဘာစီလိုနာကိုရှုံးပြီး ဆုဖလား လက်လွှတ်ခဲ့ရသလို လာလီဂါမှာလည်း ဘာစီလိုနာကိုမီဖို့ ၁၂ မှတ်အထိ လိုအပ်နေတာကြောင့် ဆုဖလားလက်လွှတ်ရဖို့ သေချာသလောက် ဖြစ်သွားခဲ့ပါတယ်။
အဲဒီအခြေအနေမှာ အစ္စကိုအနေနဲ့ မပျော်မရွှင် ဖြစ်နေသလို ပွဲထွက်ခွင့် မရတာကြောင့်လည်း အသင်းပြောင်းဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
အသက် ၂၆ နှစ်ရှိ အစ္စကိုဟာ အလားအလာရှိတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံထားရပေမယ့် နောက်ပိုင်းနှစ်တွေမှာ ပွဲထွက်ခွင့်မရတာကြောင့် ခြေစွမ်းပြသနိုင်ခြင်းလည်း မရှိခဲ့ပါဘူး။
4 years Ago