အစွမ်းကုန်ပေးဆပ်မည်

February 1, 2020

အာဆင်နယ်အတွက် အစွမ်းကုန်ပေးဆပ်မည်ဟု ဆစ်ဒရစ်ပြော

အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ ပိတ်သိမ်းမယ့် နောက်ဆုံးနေ့မှာ ဆောက်သမ်တန်အသင်းက ပေါ်တူဂီ ညာနောက်ခံလူ ဆစ်ဒရစ်ဆွားရက်ဇ်ကို အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် အနည်းငယ်ကတည်းက အာဆင်နယ်ဆီရောက်ဖို့ နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ပြီး အခုချိန်မှာ ပြောင်းရွှေ့ခွင့်ရတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ဆွားရက်စ်က ပြောပါတယ်။  အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာတာဟာ ကစားသမားဘဝအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး အစွမ်းကုန် ပေးဆပ်ကစားသွားမယ်လို့လည်း အသင်းနဲ့ ပထမဆုံး အင်တာဗျူးမှာ ဆွားရက်စ်က ပြောပါတယ်။ အသက် ၂၈ နှစ်ရှိ ဆွားရက်စ်ဟာ ၂၀၁၅ ခုနှစ်က စပို့တင်းလစ္စဘွန်းကနေ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး ဆောက်သမ်တန်နဲ့ ၄ နှစ်ခွဲ ကာလအတွင်းမှာ စုစုပေါင်း ၁၃၈ ပွဲ ကစားပြီး ၃ ဂိုး သွင်းယူခဲ့ပါတယ်။
1 year Ago
Up