အစွန်းရောက် မွတ်စလင်ဆန့်ကျင်ရေး ရေးသားသူ စာရေးဆရာမ အမေရိကန်သို့ တိမ်းရှောင်

June 28, 2015

အာဖဂန်တွင် ခွေး ၃ ကောင်က အမေရိကန် စစ်သားများကို ကယ်တင်

လမ်းဘေးက ခွေး ၃ ကောင်ကို အစာတွေကျွေးပြီး မွေးမြူခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ တာဝန်ကျတဲ့ အမေရိကန် စစ်သားကို ဒီခွေးတွေက ပြန်ကယ်ခဲ့ပါတယ်။ ခရစ္စဒေါ့နဲ့ အပေါင်းအပါ စစ်သားတွေ အာဖဂန်မှာ တာဝန်ကျစဉ်က လမ်းဘေးမှာ လေ့လွင်နေတဲ့ ဆာရှာ၊ တားဂက်နဲ့ ရှုးဖစ် ခွေး ၃ ကောင်ကို မွေးစားခဲ့ပါတယ်။ ဖေဖော်ဝါရီလက ညတည သန်းခေါင်းချိန်မှာတော့ ၂၅ ပေါင်ရှိတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ အသေခံ ဗုံးခွဲသမားဟာ အမေရိကန် စစ်သား ၅၀ နီးပါး နေနေတဲ့ စစ်တန်းလျားကို ၀င်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူကို အတင်းလိုက်ဟောင် လိုက်ကိုက်နေတဲ့ ဒီခွေး ၃ ကြောင့် စစ်တန်းလျားကို သွားရောက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒီအတွက် အသေခံဖောက်ခွဲရေးသမားက အ၀င်မှာပဲ ဖောက်ခွဲခဲ့တဲ့ အတွက် စစ်သား ၅ ဦး ဒဏ်ရာရသွားသလို ဆာရှာကတော့ သေဆုံးသွားပါတယ်။ စစ်သား တဦးတယောက်မှာ သေဆုံးခဲ့ခြင်း မရှိပါဘူး။ ဒဏ်ရာရသွားတဲ့ ခရစ္စဒေါ့က သူ့ခွေးတွေမရှိရင် သူဟာ ဒီနေ့မှာ အသက်ရှင်နေနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ခရစ္စဒေါ့ဟာ တာဝန်ပြီးဆုံးပြီ အမေရိကန်ကို ပြန်ခဲ့ရပေမယ့် ခွေးတွေကို အမေရိကန်ကို ခေါ်ဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဒီနောက် ချေးငွေတွေ ထောက်ပံ့ပေးနေတဲ့ စစ်သားတွေရဲ့ ဆန္ဒ အဖွဲ့မှာ ငွေကြေးတောင်းခံခဲ့ပြီး လျှောက်ထားခဲ့ရာမှာ အဖွဲ့က ဒေါ်လာ ၃ ထောင်ပေးလို့ ခွေးတွေကို အမေရိကန် ခေါ်လာနိုင်ခဲ့ပါတယ်။ ဓာတ်ပုံ - sacfund  
6 years Ago

June 20, 2015

ဘုရားကျောင်းမတိုင်မီ စာသင်ကျောင်းကိုပစ်ခတ်မည်ဟု အမေရိကန်လူငယ် ကြုံးဝါးခဲ့

ဇွန် ၁၇ ရက်ညပိုင်းက တောင်ကယ်ရိုလိုင်းနားပြည်နယ်၊ ချာစ်တန်မြို့မှာရှိတဲ့ ဘုရားကျောင်းမှာ လူမည်း ၉ ဦးကို သေနတ်နဲ့ပစ်သတ်မှုနဲ့ စွပ်စွဲခံထားရပြီး  ရုံးတင်ခံနေရတဲ့ အမေရိကန်လူဖြူလူငယ်ဟာ ဒီမတိုင်ခင် တပတ်ကလည်း စာသင်ကျောင်းတကျေင်းကို တိုက်ခိုက်မယ်လို့ ကြုံးဝါးခဲ့သေးတယ်လို့ သူ့မိတ်ဆွေတွေက ပြောပါတယ်။ အသက် ၂၁ နှစ်အရွယ် ဒိုင်လန်း ရုဖ် (Dylann Roof) ကို ပစ်ခတ်မှုဖြစ်ပွားပြီး ၁၃ နာရီအကြာ မြောက်ဘက် ၂၂၀ မိုင် အကွာက ဆဲလ်ဘီ (Selby) မြို့မှာ ဖမ်းဆီးနိုင်ခဲ့ကာဇွန် ၁၉ ရက်နေ့က ရုံးထုတ်ပါတယ်။ သေနတ်သမား  ရုဖ်ဟာ ကိုလံဗီယာ ဆောက်ကယ်လိုလိုင်းနားမှာ ရှိတဲ့ တိရစ္ဆာန် ထိန်းသိမ်းရေး ကုမ္ပဏီတခုမှာ အလုပ်လုပ်ခဲ့ဖူးပြီး အခုပစ်ခတ်မှု မတိုင်ခင် ရက်သတ္တတွေအတွင်းမှာ အလုပ်က ထွက်ခဲ့ပါတယ်။ သူ့မိတ်တွေကလည်း အခုလို ပစ်ခတ်မှုကို  ရုဖ် လုပ်တယ်ဆိုတာကို ကြားတဲ့အတွက် အံ့သြနေကြပါတယ်။ ရုဖ်ဟာ ချာစ်တန်တက္ကသိုလ်ကို အကြောင်းပြချက်မပေးဘဲ တိုက်ခိုက်မယ်လို့ ကြုံးဝါးခဲ့ဖူးပြီး ပထမ အကြံအစည် အထမမြောက်ဘဲ ဘုရားကျောင်းကို တိုက်ခိုက်တာ ဖြစ်မယ်လို့ သူငယ်ချင်းတယောက်ဖြစ်တဲ့ ခရစ္စတန် စခရီဗန်းက  သတင်းထောက်တွေကို ပြောပြပါတယ်။ အစကတော့  ရုဖ်ကို ပြောတဲ့အတိုင်း လုပ်မယ်လို့ ဘယ်သူမှ မထင်ခဲ့ပါပေမယ့် အခုတော့ ရယ်စရာ ပြောတာ မဟုတ်မှန်း သိလိုက်ရတဲ့အခါ အံ့သြရတယ်လို့ ဆိုပါတယ်။ ပစ်မယ်ခတ်မယ် ပြောတဲ့အချိန်က မူးနေတာကြောင့်  လျှော့တွက်ခဲ့မိတယ်လို့ ဆိုပါတယ်။ ဒီလို ဖြစ်မယ်မှန်း သိရင်  ရုဖ်ဆီက သေနတ်ကို တယောက်ယောက်က သိမ်းလိုက်သင့်တယ်လို့လည်း ပြောပါတယ်။ ရုဖ်ဟာ  ဘုရားကျောင်းထဲက လူတွေနဲ့ဆွေးနွေးပွဲကို ၁ နာရီကြာ အတူတက်ခဲ့ပြီး ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှုမှာ အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား ၃ ဦးသေဆုံးခဲ့ပြီး ဘုရားကျောင်း သင်းအုပ်ဆရာလည်းပါဝင်ပါတယ်။ လူမျိုးရေးအခြေခံတဲ့ ပစ်ခတ်မှုလို့လည်း ပြည်နယ်ရဲချုပ် မူလန် (Mullen) က သတ်မှတ်ပါတယ်။ လွန်ခဲ့တဲ့ ၂ လကလည်း ဒီတောင်ကယ်ရိုလိုင်းနားပြည်နယ်ထဲက မြောက်ချာစ်တန်မြို့မှာ လက်နက်မဲ့အမေရိကန်လူမည်း ဝေါတာ စကော့ Walter Scott ကို လူဖြူရဲအရာရှိက ပစ်သတ်ခဲ့လို့ လူမျိုးရေးဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ အဲ့ဒီရဲအရာရှိလည်း လူသတ်မှုနဲ့ ရုံးတင်စစ်ဆေးနေပါတယ်။ အခု  ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ မားသား အီမန်နူရယ် "Mother Emanuel" ဘုရားရှိခိုးကျောင်းဟာ အာဖရိကန်နွယ်ဖွားအမေရိကန်တွေရဲ့ သမိုင်းမှာ အရေးပါသလို အခု ပစ်ခတ်မှု ဖြစ်တဲ့အချိန်ကလည်း နယူးယော့ခ်၊ ဘယ်လတီမော၊ ဖာဂူဆန်၊ မစ်ဇူရီ တို့မှာ  လူဖြူရဲတွေက လူမည်းတွေကို သေနတ်နဲ့ပစ်သတ်တဲ့ ကိစ္စအပေါ် မကျေနပ်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေချိန် ဖြစ်နေပါတယ်။
6 years Ago
More News
Up