အစ်ဒလစ်မြို့

February 21, 2020

ဆီးရီးယားတွင် ရုရှားနှင့် တူရကီတပ်တို့ အပြန်အလှန်တိုက်ခိုက်

တူရကီတပ်ဖွဲ့နဲ့ ဆီးရီးယားသူပုန်တွေက ဖေဖော်ဝါရီ ၂၀ ရက်မှာ ဆီးရီးယားအစိုးရတပ်တွေကို တိုက်ခိုက်သလို ရုရှားစစ်လေယာဉ်တွေကလည်း နောက်ဆုံး သူပုန်စခန်းတွေကို အရှိန်မြှင့်တန်ပြန်တိုက်နေတယ်လို့ တူရကီနဲ့ ရုရှားအရာရှိတွေက ပြောခဲ့ပါတယ်။  တူရကီကာကွယ်ရေးဝန်ကြီးဌာနက အစ်ဒလစ်မြို့အနီး တိုက်ပွဲမှာ ဆီးရီးယားအစိုးရစစ်သား အယောက် ၅၀ ကျော်ကို လက်တုံ့ပြန် သတ်ဖြတ်ခဲ့တယ်လို့ ပြောကြားပါတယ်။  ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ တူရကီဟာ စစ်သွေးကြွတွေကို အမြောက်နဲ့ ပစ်ကူပေးနေပြီး ဆီးရီးယားစစ်သား ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။  အဲဒီနောက်  ရုရှားစစ်လေယာဉ်တွေက စစ်သွေးကြွတွေကို တိုက်ခိုက်ပြီး အစိုးရစစ်တပ်ကို ကူညီနေတယ်လို့ ရုရှားကာကွယ်ရေးဌာနက ပြောပါတယ်။  ဆီးရီးယားပြည်တွင်းစစ်မှာ ဆန့်ကျင်ဘက်အဖွဲ့တွေကနေ ပါဝင်တိုက်ခိုက်နေတဲ့ ရုရှားနဲ့တူရကီအကြား ဆွေးနွေးပွဲတွေဟာ သဘောတူညီချက်မရ ပျက်ပြားခဲ့ပြီး အလက်ပိုနဲ့ အစ်ဒလစ်တိုက်ပွဲတွေမှာ နှစ်နိုင်ငံ ထိပ်တိုက်တွေ့ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။   
1 year Ago
Up