အစ်မတော်

February 9, 2019

အစ်မတော် ရွေးကောက်ပွဲဝင်အရွေးခံမည့်အပေါ် ထိုင်းဘုရင် ကန့်ကွက်

ထိုင်းဘုရင်ရဲ့ အစ်မတော် မင်းသမီး အူဘိုရာသာနာဟာ လာမယ့်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ဟောင်း ရှင်နာဝပ် မိသားစုအပေါ် သစ္စာစောင့်သိတဲ့ ထိုင်းရက်ဆာချာပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်အရွေးခံမယ့်လုပ်ရပ်ဟာ မသင့်တော်သလို အခြေခံဥပဒေနဲ့လည်း မညီဘူးလို့ ထိုင်းဘုရင် ဝချီလာလောင်ကွန်းက ပြောကြားလိုက်ပါတယ်။ အစ်မတော်ဟာ သူ့ရဲ့ တရားဝင် တော်ဝင်မိသားစုဘွဲ့ကို စွန့်လွှတ်ထားပြီးသား ဆိုရင်တောင် အစဉ်အလာကို ဆန့်ကျင်နေတဲ့အတွက် သူ ဝန်ကြီးချုပ် ဝင်လုပ်မယ့် အရေးကို ခွင့်မပြုနိုင်ဘူးလို့ ထိုင်းဘုရင်က ဆိုပါတယ်။ အသက် ၆၇ ခုနှစ်အရွယ် မင်းသမီး အူဘိုရာသာနာဟာ သောကြာနေ့တုန်းက အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာမှာ သူ့ရဲ့ တော်ဝင်ဘွဲ့တွေ အားလုံးကို ပြန်အပ်ထားပြီးဖြစ်ပြီး အခုအခါ သာမန် အရပ်သူလို သူနေနေတယ် ဆိုတာကို ရေးသားထားခဲ့ပါတယ်။ သူဟာ နိုင်ငံသားတယောက်အနေနဲ့ ဝန်ကြီးချုပ်အဖြစ် အမည်တင်သွင်းတာကို လက်ခံခွင့် ရှိတယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးခဲ့ပါတယ်။ ထိုင်းပြည်သူတွေ အားလုံး ကြီးပွားတိုးတက်ရေးအတွက် သံန္နိဋ္ဌာန်ချပြီး ရိုးရိုးသားသား ဆောင်ရွက်သွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။
2 years Ago
Up