အစ္စလာမ္မစ် ခွဲထွက်ရေး

October 3, 2020

အစ္စလာမ္မစ် ခွဲထွက်ရေးဝါဒကို တိုက်ဖျက်မည်ဟု ပြင်သစ်သမ္မတကြေညာ

ပြင်သစ်နိုင်ငံတဝှမ်းက မွတ်စလင်အသိုင်းအဝိုင်းတချို့မှာ လွှမ်းမိုးဖို့ ခြိမ်းခြောက်နေတဲ့ အစ္စလာမ္မစ်ခွဲထွက်ရေးဝါဒကို တိုက်ဖျက်သွားမယ်လို့ သမ္မတ အီမန်နျူရယ်မာခွန်းက  အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။  ပြင်သစ်နိုင်ငံဟာ ဌာနေ အစ္စလာမ္မစ် စစ်သွေးကြွရန်ကို နှစ်များစွာ ခံခဲ့ရပေမယ့် သမ္မတ မာခွန်း အစိုးရကတော့ မွတ်စလင်အသိုင်းအဝိုင်းတချို့မှာ အကြမ်းမဖက်တဲ့ အစွန်းရောက်ဝါဒ ကျယ်ပြန်လာတဲ့အပေါ်မှာ ပိုမိုစိုးရိမ်နေပါတယ်။  အဲဒီထဲမှာ  မွတ်စလင်အမျိုးသားတွေက အမျိုးသမီးတွေကို လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆိုတာ၊ ရေကူးကန်တွေမှာ အမျိုးသား၊ အမျိုးသမီး တလှည့်စီ အချိန်သတ်မှတ်တာ စတာတွေ ပါဝင်တယ်လို့  ပြင်သစ်တာဝန်ရှိသူတွေက ဆိုပါတယ်။  ပြင်သစ်ဟာ ဘာသာရေးနဲ့လူမှုဘဝကို သီးခြားစီခွဲထားတဲ့ လောကီသီးသန့်ဝါဒကို လိုက်နာ ကျင့်သုံးတဲ့ နိုင်ငံဖြစ်ပါတယ်။  မကြာသေးခင် ဆယ်စုနှစ်တွေမှာ ပြင်သစ်မွတ်စလင်တွေအကြား သူတို့ရဲ့ဘာသာရေး လက္ခဏာကို ပြသလိုစိတ် ကြီးထွားမှုဟာ လောကီသီးသန့်ဝါဒနေ အစ္စလာမ်ဘာသာဆီ ပြောင်းလဲ လာပါတယ်။   ပြင်းထန်တဲ့ အစ္စလာမ္မစ်ဘာသာရေး ဓလေ့ထုံးစံတွေဟာ ပြင်သစ်ရဲ့အင်စတီကျူးရှင်းနဲ့ စည်းမျဉ်းတွေက ခွဲထွက်နေတာမို့ ခွဲထွက်ရေးဝါဒ ဖြစ်တယ်ဆိုပြီး သမ္မတ မာခွန်းက ဆိုတယ်လို့ သူရဲ့ အကြံပေးတွေက ပြောပါတယ်။  ဒါကြောင့်မို့ လာမယ့်နှစ်အစောပိုင်းမှာ အစ္စလာမ္မစ် ခွဲထွက်ရေးဝါဒကို  အရေးယူမယ့် ဥပဒေကြမ်းကို ပါလီမန်မှာ တင်သွင်းသွားမယ်လို့ သမ္မတ မာခွန်းက ပြောဆိုခဲ့ပါတယ်။ 
7 months Ago
Up