အစ္စလာမ္မစ်စစ်သွေးကြွ

A d v e r t i s e m e n t With Us

December 12, 2019

ဒိန်းမတ်နိုင်ငံတွင် စစ်သွေးကြွ သံသယဖြစ်ဖွယ် လူ ၂၀ ကို ဖမ်းဆီး

ဒိန်းမတ်နိုင်ငံမှာ အစ္စလာမ္မစ်စစ်သွေးကြွတွေ တိုက်ခိုက်ဖို့ ကြံစည်နေတယ်လို့ သံသယရှိနေလို့ ကြိုတင်နှိမ်နင်းရေးစီမံချက်အတွင်း လူအယောက် ၂၀ လောက်ကို ဒီဇင်ဘာ ၁၁ ရက်က ဖမ်းဆီးခဲ့တယ်လို့ ဒိန်းမတ်ရဲတပ်ဖွဲ့က ပြောပါတယ်။  နေရာပေါင်း ၂၀ ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး လူတချို့ကိုတော့ ဖောက်ခွဲရေး လက်နက်တွေ စုဆောင်းဖို့ ကြံစည်နေတဲ့ ပြစ်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အခုဖမ်းဆီးလိုက်တဲ့ လူတော်တော်များများဟာ တိုက်ခိုက်မှုတရပ်လုပ်ဖို့ ပြင်ဆင်နေကြတာဖြစ်ပြီး အစ္စလာမ္မစ်စစ်သွေးကြွလှုံ့ဆော်မှုကြောင့်လို့ ဒိန်းမတ် ထောက်လှမ်းရေးအဖွဲ့ (PET) ရဲ့ စီမံကိန်းအကြီးအကဲက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါ တယ်။  ဒါ့ကြောင့် ဖမ်းဆီးခံရသူတချို့ကို အကြမ်းဖက်ပြစ်မှုဆိုင်ရာ ကနဦးမေးမြန်း စစ်ဆေးသွားမယ်လို့ ရဲတွေက ပြောပါတယ်။ ဒါပေမယ့် ဖမ်းဆီးခဲ့တဲ့ လူအရေအတွက် အတိအကျကိုတော့ မပြောခဲ့ပါဘူး။ ဟောပြောပွဲ အခမ်းအနားလုပ်နေတဲ့ ယဉ်ကျေးမှုစင်တာအပြင်ဘက်မှာ သေနတ်သမား တယောက် ပစ်ခတ်လို့ နှစ်ယောက် သေပြီး အရာရှိ ၆ ယောက်ဒဏ်ရာရခဲ့တဲ့  ၂၀၁၅ ခုနှစ် နောက်ပိုင်း ဒိန်းမတ်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှု ကင်းရှင်းခဲ့ပါတယ်။  အဲဒီဖြစ်ရပ်မှာ ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်ရာကနေ သေနတ်သမားလည်း သေဆုံးခဲ့ တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
1 year Ago
Up