အစ္စရေး ဆောက်ပေးမည်

August 1, 2019

ဂျူးလူမျိုးများ အခြေချနေထိုင်ရန် အိမ်အလုံး ၆၀၀၀ အစ္စရေး ဆောက်ပေးမည်

အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသ  West Bank မှာ ဂျူးလူမျိုးတွေ အခြေချနေထိုင်ဖို့ နေအိမ်သစ်အလုံးပေါင်း ၆၀၀၀ ဆောက်လုပ်ပေးသွားမယ်လို့ အစ္စရေးအစိုးရက ပြောပါတယ်။ ဒါ့အပြင် အစ္စရေးအစိုးရဟာ ပါလက်စတိုင်းတွေအတွက် နေအိမ်အလုံး ၇၀၀ ဆောက်လုပ်ဖို့ကိုလည်း ရှားရှားပါးပါး ခွင့်ပြုခဲ့ပါတယ်။ ဒါ့ပေမယ့် အဲဒီလုပ်ရပ်ဟာ အစ္စရေးအစိုးရရဲ့ ကိုလိုနီနယ်ချဲ့သဘောထားကို ဖော်ပြနေ တယ်လို့ ပါလက်စတိုင်းခေါင်းဆောင်တွေက ဝေဖန်ခဲ့ကြပါတယ်။ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန်သံအမတ်နဲ့ သမ္မတ ဒေါ်နယ်ထရန်ရဲ့ သမက်လည်းဖြစ်တဲ့  ဂျဲရာ ကုရှ်နာရဲ့ အစ္စရေးခရီးစဉ်မတိုင်ခင် အခုလို ကြေညာခဲ့တာပါ။ ဒါပေမယ့် ပါလက်စတိုင်းတွေကတော့ အမေရိကန်ရဲ့ သံတမန် ဆက်ဆံရေးကို ပယ်ချခဲ့ပြီး ထရန့်အစိုးရဟာ အစ္စရေးကို ဘက်လိုက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အစ္စရေး အစိုးရအနေနဲ့ အနောက်ဘက်ကမ်းဒေသမှာ အခြေချအိမ်ရာ စီမံကိန်းကို ထပ်တိုးချဲ့သွားနိုင်တယ်လို့လည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အရိပ်အမြွတ် ပြောခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် အရှေ့ အလယ်ပိုင်းစစ်ပွဲမှာ အနောက်ဘက်ကမ်းဒေသကို အစ္စရေးက သိမ်းယူခဲ့တာပါ။ ဒါပေမယ့် ပါလက်စတိုင်းတွေကတော့ အနောက်ဘက်ကမ်းဒေသ၊ ဂါဇာနဲ့ အရှေ့ဂျေရုဆလင်အထိ နယ်မြေပေါ်မှာ သူတို့ရဲ့ ကိုယ်ပိုင်နိုင်ငံ တည်ထောင်ဖို့ မျှော်လင့်နေကြ ပါတယ်။
Zawgyi Version ဂ်ဴးလူမ်ိဳးမ်ား အေျခခ်ေနထိုင္ရန္ အိမ္အလုံး ၆၀၀၀ အစၥေရး ေဆာက္ေပးမည္ DVB အစၥေရး သိမ္းပိုက္ထားတဲ့ အေနာက္ဘက္ကမ္းေဒသ West Bank မွာ ဂ်ဴးလူမ်ိဳးေတြ အေျခခ်ေနထိုင္ဖို႔ ေနအိမ္သစ္အလုံးေပါင္း ၆၀၀၀ ေဆာက္လုပ္ေပးသြားမယ္လို႔ အစၥေရးအစိုးရက ေျပာပါတယ္။ ဒါ့အျပင္ အစၥေရးအစိုးရဟာ ပါလက္စတိုင္းေတြအတြက္ ေနအိမ္အလုံး ၇၀၀ ေဆာက္လုပ္ဖို႔ကိုလည္း ရွားရွားပါးပါး ခြင့္ျပဳခဲ့ပါတယ္။ ဒါ့ေပမယ့္ အဲဒီလုပ္ရပ္ဟာ အစၥေရးအစိုးရရဲ႕ ကိုလိုနီနယ္ခ်ဲ႕သေဘာထားကို ေဖာ္ျပေန တယ္လို႔ ပါလက္စတိုင္းေခါင္းေဆာင္ေတြက ေဝဖန္ခဲ့ၾကပါတယ္။ အေရွ႕အလယ္ပိုင္းဆိုင္ရာ အေမရိကန္သံအမတ္နဲ႔ သမၼတ ေဒၚနယ္ထရန္ရဲ႕ သမက္လည္းျဖစ္တဲ့ ဂ်ဲရာ ကုရွ္နာရဲ႕ အစၥေရးခရီးစဥ္မတိုင္ခင္ အခုလို ေၾကညာခဲ့တာပါ။ ဒါေပမယ့္ ပါလက္စတိုင္းေတြကေတာ့ အေမရိကန္ရဲ႕ သံတမန္ ဆက္ဆံေရးကို ပယ္ခ်ခဲ့ၿပီး ထရန႔္အစိုးရဟာ အစၥေရးကို ဘက္လိုက္တယ္လို႔ စြပ္စြဲခဲ့ပါတယ္။ အစၥေရး အစိုးရအေနနဲ႔ အေနာက္ဘက္ကမ္းေဒသမွာ အေျခခ်အိမ္ရာ စီမံကိန္းကို ထပ္တိုးခ်ဲ႕သြားႏိုင္တယ္လို႔လည္း အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုက အရိပ္အႁမြတ္ ေျပာခဲ့ပါတယ္။ ၁၉၆၇ ခုႏွစ္ အေရွ႕ အလယ္ပိုင္းစစ္ပြဲမွာ အေနာက္ဘက္ကမ္းေဒသကို အစၥေရးက သိမ္းယူခဲ့တာပါ။ ဒါေပမယ့္ ပါလက္စတိုင္းေတြကေတာ့ အေနာက္ဘက္ကမ္းေဒသ၊ ဂါဇာနဲ႔ အေရွ႕ေဂ်႐ုဆလင္အထိ နယ္ေျမေပၚမွာ သူတို႔ရဲ႕ ကိုယ္ပိုင္ႏိုင္ငံ တည္ေထာင္ဖို႔ ေမွ်ာ္လင့္ေနၾက ပါတယ္။
2 years Ago
Up