အစ္စရေးသံရုံး

A d v e r t i s e m e n t With Us

January 31, 2021

နယူးဒေလီမြို့တော် အစ္စရေးသံရုံးနား ဗုံးပေါက်ကွဲမှု အိန္ဒိယရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်က အစ္စရေးသံရုံးနားမှာ ဗုံးအသေးတလုံး ပေါက်ကွဲမှုကို ရဲတွေက စုံစမ်းစစ်ဆေးနေကြပါတယ်။

ဇန်နဝါရီ ၂၉ ရက် ညနေက ဖြစ်ရပ်ဟာ အကြမ်းဖက်ဝါဒအဖြစ် သဘောထား မှတ်ယူတယ် လို့ အစ္စရေး အရာရှိတယောက်က ပြောပါတယ်။

သံရုံးနဲ့ တစ်ကီလိုမီတာအကွာမှာ အိန္ဒိယ သမ္မတ နဲ့ ဝန်ကြီးချုပ်တို့ စစ်ရေးအခမ်းအနား တက်ရောက်နေချိန် ညနေ ၅ နာရီမှာ ဗုံးကွဲခဲ့တာပါ။ 

ဗုံးပေါက်ကွဲခဲ့တာကြောင့် ရပ်ထားတဲ့ကား ၃ စီးရဲ့ ပြတင်းမှန်တွေ ပျက်စီးခဲ့ပြီး ဒီတိုက်ခိုက်မှုဟာ အုတ်အော်သောင်းတင်းဖြစ်စေဖို့ ကြံစည်အားထုတ်တဲ့ လုပ်ရပ်လို့ ဒေလီမြို့တော် ရဲတပ်ဖွဲ့ က ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် အသေအပျောက် မရှိပေမယ့် အစ္စရေးနဲ့ အိန္ဒိယက ပတ်သက်သူ အားလုံးက ဒီပေါက်ကွဲမှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် မှတ်ယူတယ်လို့ နာမည်မဖော်တဲ့ အစ္စရေး အရာရှိတယောက်က ပြောပါတယ်။ 

အစ္စရေး သံရုံးနဲ့ သံတမန်တွေကို အပြည့်ဝဆုံး ကာကွယ်သွားမယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး အဲ့စ်ဂျိုင်ရှန်ကာက အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ဂါဘီအဲ့ရှ်ကေ နာဇီကို အာမခံ ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။

၂၀၁၂ ခုနှစ်ကလည်း နယူးဒေလီမြှို့တော်က အစ္စရေး သံရုံးနားမှာ ပေါက်ကွဲခဲ့လို့ သံတမန် တယောက်ရဲ့ ဇနီး၊ ယာဉ်မောင်းနဲ့ တခြားလူ ၂ ယောက်တို့ ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဂျော်ဂျီယာနိုင်ငံက တီဘလီစီမြို့မှာ တခြား အစ္စရေး သံတမန်တယောက် တိုက်ခိုက်ခံခဲ့ရပါတယ်။

1 month Ago
Up