အစ္စရေးဝန်ကြီးချုပ် ပြော

September 10, 2019

အီရန်အစိုးရ နျူကလီးယားလက်နက် တီထွင်နေဟု အစ္စရေးဝန်ကြီးချုပ် ပြော

အီရန်နိုင်ငံ အဘာဒီဟ်မြို့က လျှို့ဝှက်စခန်းတခုမှာ နျူကလီးယားလက်နက်တွေကို အီရန်အစိုးရက တီထွင်စမ်းသပ်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက စက်တင်ဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။  ဒါဟာ နေတန်ယာဟုအနေနဲ့ လျှို့ဝှက်စခန်းနေရာကို အတိအကျ ထုတ်ဖော်ပြောတာ ပထမဆုံး အကြိမ်ပါ။  အစ္စရေးက သိမ်းပိုက်ရရှိပြီး ၂၀၁၈ ခုနှစ်က လူသိရှင်ကြားထုတ်ပြန်ခဲ့တဲ့ အီရန်ရဲ့ မှတ်တမ်း အထောက်အထားတွေထဲမှာ နျူကလီးယားလက်နက် တီထွင်စမ်းသပ်နေတဲ့ နေရာကို တွေ့ခဲ့တာလို့ နေတန်ယာဟုက ပြောပါတယ်။  ဒါပေမယ့် အစ္စရေးက အဲဒီကိစ္စကို သိသွားတာကြောင့် အီရန်အစိုးရဟာ လျှို့ဝှက်နေရာကို ဖျက်ဆီးလိုက်ပြီလို့လည်း သူကဆက်ပြောပါတယ်။   နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က အီရန်နိုင်ငံမှာ ယူရေနီယံသတ္တု သဲလွန်စ လက္ခဏာတွေ တွေ့ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပြီး နောက်တနေ့မှာပဲ နေတန်ယာဟုက ရုပ်သံအစီအစဉ်မှာ အခုလို ပြောခဲ့တာပါ။  အီရန်ဘက်ကတော့ ပြန်လည်ဖြေရှင်းတာ မရှိသေးဘူးလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
အီရန္အစိုးရ န်ဴကလီးယားလက္နက္ တီထြင္ေနဟု အစၥေရးဝန္ႀကီးခ်ဳပ္ ေျပာ DVB အီရန္ႏိုင္ငံ အဘာဒီဟ္ၿမိဳ႕က လွ်ိဳ႕ဝွက္စခန္းတခုမွာ န်ဴကလီးယားလက္နက္ေတြကို အီရန္အစိုးရက တီထြင္စမ္းသပ္ေနတယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟုက စက္တင္ဘာ ၉ ရက္မွာ ေျပာလိုက္ပါတယ္။ ဒါဟာ ေနတန္ယာဟုအေနနဲ႔ လွ်ိဳ႕ဝွက္စခန္းေနရာကို အတိအက် ထုတ္ေဖာ္ေျပာတာ ပထမဆုံး အႀကိမ္ပါ။ အစၥေရးက သိမ္းပိုက္ရရွိၿပီး ၂၀၁၈ ခုႏွစ္က လူသိရွင္ၾကားထုတ္ျပန္ခဲ့တဲ့ အီရန္ရဲ႕ မွတ္တမ္း အေထာက္အထားေတြထဲမွာ န်ဴကလီးယားလက္နက္ တီထြင္စမ္းသပ္ေနတဲ့ ေနရာကို ေတြ႕ခဲ့တာလို႔ ေနတန္ယာဟုက ေျပာပါတယ္။ ဒါေပမယ့္ အစၥေရးက အဲဒီကိစၥကို သိသြားတာေၾကာင့္ အီရန္အစိုးရဟာ လွ်ိဳ႕ဝွက္ေနရာကို ဖ်က္ဆီးလိုက္ၿပီလို႔လည္း သူကဆက္ေျပာပါတယ္။ ႏိုင္ငံတကာ အဏုျမဴစြမ္းအင္ေအဂ်င္စီ (IAEA) က အီရန္ႏိုင္ငံမွာ ယူေရနီယံသတၱဳ သဲလြန္စ လကၡဏာေတြ ေတြ႕ခဲ့တယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပၿပီး ေနာက္တေန႔မွာပဲ ေနတန္ယာဟုက ႐ုပ္သံအစီအစဥ္မွာ အခုလို ေျပာခဲ့တာပါ။ အီရန္ဘက္ကေတာ့ ျပန္လည္ေျဖရွင္းတာ မရွိေသးဘူးလို႔ ႐ိုက္တာ သတင္းဌာနက ေဖာ္ျပပါတယ္။
2 years Ago
Up