အစ္စရေးလက်ခံ

December 3, 2020

ဂျာမနီထံမှ အဆင့်မြင့်စစ်သင်္ဘော အစ္စရေးလက်ခံရရှိ

အစ္စရေးဟာ အဆင့်မြင့်ဆုံးစစ်သင်္ဘော တစ်စီဂကို  ဒီဇင်ဘာ ၂ ရက်က လက်ခံ ရရှိခဲ့ပါတယ်။ ဂျာမနီနိုင်ငံလုပ် ဒိုင်းလို့ နာမည်ပေးထားတဲ့ စစ်သင်္ဘောဖြစ်ပြီး မြေထဲပင်လယ်ထဲက အထိခိုက် မခံနိုင်တဲ့ ဓာတ်ငွေ့တူးစင်တွေအတွက် အကာအကွယ်လည်း ဖြစ်လာမှာပါ။ အီရန် ထိပ်တန်း နျူကလီးယားသိပ္ပံပညာရှင် လုပ်ကြံခံရအပြီး အီရန်နဲ့ တင်းမာမှု တိုးလာ ချိန်မှာ ချိန်သားကိုက် ရောက်လာတဲ့ စစ်သင်္ဘောလည်း ဖြစ်ပါတယ်။ အစ္စရေးဟာ ပြိုင်ဘက်ဟောင်းဖြစ်တဲ့ လက်ဘနွန်နဲ့ နီးတဲ့ ကမ်းလွန် ဓာတ်ငွေ့တူးစင်တွေကို ကာကွယ်ချင်နေပြီး လက်ဘနွန်နဲ့လည်း ပင်လယ်နယ်နိမိတ်အရေး ဆွေးနွေးပွဲတွေကို အမေရိကန်ရဲ့ ကြားဝင် ဖြန်ဖြေမှုကြောင့် ဆွေးနွေးနေရပါတယ်။ လက်ဘနွန်အခြေစိုက် အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟဇ်ဘိုလာ ပြောက်ကျားတွေဟာ ဓာတ်ငွေ့တူးစင်တွေအတွက် ခြိမ်းခြောက်မှုလို့ အစ္စရေးရေတပ်က ရှုမြင်ထားပါတယ်။ အီရန်ကတော့ နျူကလီးယား ပညာရှင် မိုဆင် ဖှာခရီဇာဒါ သေဆုံးမှုအတွက် အစ္စရေးကို အပြစ်တင်ထားပြီး လက်တုံ့ပြန်မယ်လို့ ကတိပြု ထားပါတယ်။ အစ္စရေးကတော့ ဒီလုပ်ကြံမှုနဲ့ ပတ်သက်ပြီး တာဝန်ယူဖို့ မငြင်းသလို အတည်ပြုတာလည်း မလုပ်ခဲ့ပါဘူး။    
5 months Ago
Up