အစ္စရေးနဲ့ ဘာရိန်းတို့ဟာ သက်ဆိုင်ရာ နိုင်ငံတွေမှာ သံရုံးအသီးသီး ဖွင့်လှစ်မယ်လို့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက နိုဝင်ဘာ ၁၈ ရက်မှာ ပြောဆိုခဲ့ပါတယ်။
ဘာရိန်း တာဝန်ရှိသူတွေရဲ့ အစ္စရေးကို ပထမဆုံး တရားဝင်လာရောက်တဲ့ ခရီးစဉ်မှာ ဘာရိန်းနိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာတစ် အယ်ဇေယန်နီက ဒီဇင်ဘာလထဲမှာပဲ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးက ဘာရိန်းကို လာရောက်မယ်လို့ ပြောပါတယ်။
အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂတ်ဘီ အက်ရှ်ကန်နာဇီကလည်း နှစ်နိုင်ငံ သံရုံးဖွင့်ပွဲတွေကို ၂၀၂၀ နှစ်ကုန်မှာကျင်းပမယ် မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာက ဘာရိန်းမြို့တော် မန်နဲမာမှာ ကုန်သွယ်ရေး၊ လေကြောင်း ဝန်ဆောင်မှု၊ ဆက်သွယ်ရေး၊ ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းနဲက စိုက်ပျိုးရေးကဏ္ဍတွေနဲ့ ပတ်သက် တဲ့ နားလည်မှုစာချွန်လွှာ အများအပြားကို အစ္စရေးနဲ့ဘာရိန်း တာဝန်ရှိသူတွေ လက်မှတ်ရေးထိုးခဲ့ ပါတယ်။
၂၀၂၀ နှစ်ကုန်မှာ ဘာရိန်းနိုင်ငံသားတွေအနေနဲ့ အွန်လိုင်းဗီဇာနဲ့ အစ္စရေးကို လာလည်နိုင်ပြီး နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်း ခရီးစဉ်တွေကို မကြာခင်စတင်သွားမယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အက်ရှ်ကန်နာဇီက ပြောဆိုခဲ့ပါတယ်။
5 months Ago