အစ္စရေးနှင့်ဗြိတိန် ခေါင်းဆောင်နှစ်ဦး စီးပွားရေးနှင့် လုံခြုံရေးကိစ္စ ဆွေးနွေးမည်

September 6, 2019

အစ္စရေးနှင့်ဗြိတိန် ခေါင်းဆောင်နှစ်ဦး စီးပွားရေးနှင့် လုံခြုံရေးကိစ္စ ဆွေးနွေးမည်

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ရောက်လာတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ စက်တင်ဘာ ၅ ရက်နေ့က ဒေါင်းနင်းလမ်းမှာ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ တွေ့ဆုံခဲ့ပါတယ်။  ဒါဟာ ဘောရစ်ဂျွန်ဆင်အနေနဲ့ ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်ကတည်းက အရှေ့အလယ်ပိုင်း ခေါင်းဆောင်တစ်ယောက်နဲ့ ပထမဆုံး တွေ့ဆုံမှုပါ။  ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဘောရစ်ဂျွန်ဆင်က အစ္စရေး - ဗြိတိန် နှစ်နိုင်ငံ ဆက်ဆံရေး အပြင် စီးပွားရေးနဲ့ လုံခြုံရေးကဏ္ဍတွေမှာ ရှေ့ဆက်ကောင်းမွန်အောင် ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတာ ဆွေးနွေးကြမယ်လို့ ပြောခဲ့ပါတယ်။ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် ဖြေရှင်းမှုတွေမှာလည်း ဘောရစ်ဂျွန်ဆင်က အားပေးထောက်ခံနေဆဲပဲလို့ နေတန်ယာဟုကလည်း ပြောပါတယ်။  အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုဟာ အခုသီတင်းပတ်ထဲမှာ အိန္ဒိယကို သွားဖို့ စီစဉ်ထားပေမယ့် အဲဒီခရီးစဉ်ကိုဖျက်ပြီး ဗြိတိန်ကို ရောက်လာခဲ့တာပါ။  နေတန်ယာဟုဟာ ဗြိတိန်ခရီးစဉ်မှာ လန်ဒန်ကို ရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါနဲ့လည်း တွေ့ဆုံသွားမယ်လို့ အစ္စရေးသမ္မတရုံးက ပြောပါတယ်။ 
အစၥေရးႏွင့္ၿဗိတိန္ ေခါင္းေဆာင္ႏွစ္ဦး စီးပြားေရးႏွင့္ လုံၿခဳံေရးကိစၥ ေဆြးေႏြးမည္ DVB ၿဗိတိန္ႏိုင္ငံ လန္ဒန္ၿမိဳ႕ကို ေရာက္လာတဲ့ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုဟာ စက္တင္ဘာ ၅ ရက္ေန႔က ေဒါင္းနင္းလမ္းမွာ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ဒါဟာ ေဘာရစ္ဂြၽန္ဆင္အေနနဲ႔ ဝန္ႀကီးခ်ဳပ္တာဝန္ စတင္ထမ္းေဆာင္ကတည္းက အေရွ႕အလယ္ပိုင္း ေခါင္းေဆာင္တစ္ေယာက္နဲ႔ ပထမဆုံး ေတြ႕ဆုံမႈပါ။ ပူးတြဲသတင္းစာရွင္းလင္းပြဲမွာ ေဘာရစ္ဂြၽန္ဆင္က အစၥေရး - ၿဗိတိန္ ႏွစ္ႏိုင္ငံ ဆက္ဆံေရး အျပင္ စီးပြားေရးနဲ႔ လုံၿခဳံေရးက႑ေတြမွာ ေရွ႕ဆက္ေကာင္းမြန္ေအာင္ ဘယ္လိုလုပ္ေဆာင္သြားမယ္ဆိုတာ ေဆြးေႏြးၾကမယ္လို႔ ေျပာခဲ့ပါတယ္။ အေရွ႕အလယ္ပိုင္း ၿငိမ္းခ်မ္းေရးအတြက္ ေျဖရွင္းမႈေတြမွာလည္း ေဘာရစ္ဂြၽန္ဆင္က အားေပးေထာက္ခံေနဆဲပဲလို႔ ေနတန္ယာဟုကလည္း ေျပာပါတယ္။ အစၥေရး ဝန္ႀကီးခ်ဳပ္ ေနတန္ညာဟုဟာ အခုသီတင္းပတ္ထဲမွာ အိႏၵိယကို သြားဖို႔ စီစဥ္ထားေပမယ့္ အဲဒီခရီးစဥ္ကိုဖ်က္ၿပီး ၿဗိတိန္ကို ေရာက္လာခဲ့တာပါ။ ေနတန္ယာဟုဟာ ၿဗိတိန္ခရီးစဥ္မွာ လန္ဒန္ကို ေရာက္ေနတဲ့ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး မာ့ခ္အက္စပါနဲ႔လည္း ေတြ႕ဆုံသြားမယ္လို႔ အစၥေရးသမၼတ႐ုံးက ေျပာပါတယ္။
2 years Ago
Up