အစ္စရေးနိုင်ငံသား

July 26, 2020

အစ္စရေးနိုင်ငံသားထောင်ချီ ဝန်ကြီးချုပ်အိမ်ရှေ့  ချီတက်ဆန္ဒပြ

အစ္စရေးနိုင်ငံသားထောင်ပေါင်းများစွာဟာ ဇူလိုင်လ ၂၅ ရက်က ဝန်ကြီးချုပ် ဘင်ဂျမင်နက်တန်ယာဟုရဲ့အိမ်တော်ပြင်ပမှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။  ကိုဗစ်အကျပ်အတည်းကို ဝန်ကြီးချုပ်က ကိုင်တွယ်ပုံနဲ့ စွပ်စွဲခံထားရတဲ့ ခြစားမှုကိစ္စတို့ ကြောင့်  ဆန္ဒပြကြတာလို့ သိရပါတယ်။  ဒါ့အပြင် ကိုဗစ်-၁၉ အတည်ပြုလူနာတွေ ပြန်တိုးပွားလာနေပြီး နိုင်ငံတော်ရဲ့ပိုကောင်းတဲ့ ထောက်ပံ့မှုကို လိုချင်လို့ နေ့စဉ်နီးပါး အခုလို ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာနေပါတယ်။  အစ္စရေးမှာ ဇူလိုင်လ ၂၅ ရက်ထိ ကိုဗစ် -၁၉ အတည်ပြုလူနာဦးရေဟာ ၆ သောင်းအထိ ရှိလာပြီး အစိုးရအနေနဲ့လည်း ကူးစက်နှုန်းပြန်မြင့်တက်လာတာကို ထိန်းချုပ်ဖို့ ရုန်းကန်နေရ ပါတယ်။  လူဦးရေ ကိုးသန်းရှိပြီး ကမ္ဘာမှာ ပထမဆုံးအစောဆုံး အသွားအလာကန့်သတ်ချက် လော့ဒေါင်းချတဲ့ နိုင်ငံတွေထဲမှာ တခုဖြစ်တဲ့ အစ္စရေးမှာ အခုအခါ ကပ်ဘေးကြောင့် ၄၅၅ ဦး သေဆုံးထားတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
1 year Ago

March 10, 2020

နိုင်ငံခြားက ပြန်လာသည့် အစ္စရေးနိုင်ငံသားအားလုံး  ၁၄ ရက် သီးခြားနေရမည်

နိုင်ငံခြားကနေ ပြန်လာတဲ့ အစ္စရေး နိုင်ငံသား အားလုံးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ဖို့ ကြိုတင်သတိထားတဲ့အနေနဲ့ တခြားလူတွေနဲ့ ရောနှောမနေဘဲ ၁၄ ရက် သီးခြားနေဖို့ လိုလိမ့်မယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပါတယ်။ ဒီစီမံချက်ကို နှစ်ပတ်အတွင်း စတင်မှာဖြစ်ပြီး စီမံချက်ရဲ့ လက်ထောက် တာဝန်ရှိ သူတွေကလည်း ဒီအမိန့်ကို ချက်ချင်း အသက်သွင်းမယ်လို့ ပြောပါတယ်။ “ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။ လူထု ကျန်းမာရေး ဘေးကင်းဖို့ မဖြစ်မနေ အရေးပါတယ်။ လူထုကျန်းမာရေးက ပထမဆုံးပဲလို့ ပြောပါတယ်”လို့ အစ္စရေး ဝန်ကြီးချုပ်က ပြောပါတယ်။  ဒီစီမံချက်ကြောင့် လူဦးရေ ၉သန်းနေတဲ့ နိုင်ငံအတွင်း လူ ၃ သိန်းလောက် ရောဂါခြေချုပ်နဲ့ နေရလိမ့်မယ်လို့ အစ္စရေး မီဒီယာတွေက ပြောပါတယ်။  အစ္စရေးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားရေး အဆုံးစွန် ကြိုတင်ကာကွယ်မှု အများဆုံး လုပ်ပြီးပါပြီ။ အာရှနဲ့ ဥရောပတို့ကနိုင်ငံ အများအပြားကနေ လာရောက် လည်ပတ်သူတွေကို ရောဂါခြေချုပ်နဲ့ သီးခြားခွဲခြားထားရှိပြီး ခရီးသွားမှုနဲ့ ကုန်သွယ်ရေး တင်းကြပ် ထားတာကြောင့် ခရီးသွားလုပ်ငန်း အထိနာမယ်လို့ မျှော်လင့်ထားပါတယ်။
2 years Ago
Up