ဥရောပထိပ်တန်း လိဂ်တွေထဲမှာ ဂျာမန်ဘွန်ဒက်စ်လီဂါက အစောဆုံး စတင်ကျင်းပ နိုင်ဖို့ ရှိနေပါတယ်။
ဘွန်ဒက်စ်လီဂါက ကလပ်တွေနဲ့ လိဂ်ကလပ် ၂ ခု စုစုပေါင်း ၃၆ သင်းဟာ လေ့ကျင့်ရေး အစီအစဉ်တချို့ စတင်ပြုလုပ်နေပြီး လာမယ့်မေလမှာ လိဂ်ပြိုင်ပွဲ ပြန်လည်စတင်နိုင်ဖို့ လိဂ်တာဝန်ရှိသူတွေက စီစဉ်ထားပါတယ်။
ပွဲစဉ်တွေအားလုံးကိုတော့ ပရိသတ်မပါဘဲ ကွင်းပိတ်ကျင်းပမှာဖြစ်ပြီး ရုပ်သံကနေတော့ တိုက်ရိုက်ပြသပေးမှာဖြစ်ပါတယ်။ ကွင်းပိတ်ကစားတာကို ၂၀၂၀ ပြည့်နှစ် ကုန်အထိ ဆက်လက်ကစားဖွယ်ရှိတယ်လို့ သိရပါတယ်။
တခြားဥရောပလိဂ်ပြိုင်ပွဲအများစုကတော့ မေလမှာစတင်ဖို့ လျာထားပေမယ့်လည်း ဇွန်လ ရောက်မှ စတင်နိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။
11 months Ago