ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်းရှိ ဖရင့်ခန်းမဆောင်မှာ ကျင်းပမယ့် ကရင်အမျိုးသားနေ့ အထိမ်းအမှတ်ပွဲကို ရန်ကုန်တိုင်းအစိုးရက ခွင့်မပြုတဲ့အတွက် နေရာပြောင်းရွှေ့ ကျင်းပလိုက်ရပါတယ်။
ကရင်အမျိုးသားနေ့ကျင်းပခွင့်ရဖို့ စောလေးကပေါ ဆိုသူမှ ဇန်န၀ါရီလ ၂၉ ရက်နေ့ ရက်စွဲတဲ့ တောင်းခဲ့ပြီး ၀န်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူး မြတ်ကျော်ကျော်က တရားဝင်ဖွဲ့စည်း ထားခြင်းမဟုတ်လို့ ခွင့်မပြုနိုင်ကြောင်း အကြောင်းပြန်ခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီကနေ့မှာတော့ ကွမ်းခြံကုန်းမြို့နယ်မှာရှိတဲ့ မန်းကလိတ်ရွာ(ခေါ်) ထီမန်ရွာမှာ ကျင်းပခဲ့တယ်လို့ ပွဲဖြစ်မြောက်ရေးအတွက် လုပ်ဆောင်သူတဦးက ပြောပါတယ်။
ဝန်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူး မြတ်ကျော်ကျော်က ချင်းအမျိုးသားနေ့ကျင်းပဖို့လည်း ခွင့်မပြုနိုင်ကြောင်း စာပြန်ဆိုထားပါတယ်။
5 years Ago