အနိုင်ရပါတီ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အရပ်သားသမ္မတသစ် ဦးထင်ကျော်ဟာ ဖွဲ့စည်းမယ့် အစိုးရသစ်နဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။
ဝန်ကြီးဌာန ၂၁ ဌာန ပါဝင်တဲ့ အစိုးရရဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့တပတ်ထဲမှာ သမ္မတ ဦးထင်ကျော်က လွှတ်တော်ကို တင်သွင်းထားပြီး လွှတ်တော်ကလည်း အဲဒီအပေါ်မှာ ဆွေးနွေးခဲ့ပါတယ်။
အရင်အစိုးရ လက်ထက်တုန်းက ၀န်ကြီးဌာန ၃၆ ခု ထားရှိရာကနေ ၂၁ ခုပဲ ထားရှိမှာ ဖြစ်ပါတယ်။
ဝန်ကြီးဌာနတွေကို လွှတ်တော်မှာ အတည်ပြုပြီးရင် နောက်ပိုင်းမှာ အစိုးရအဖွဲ့ ၀န်ကြီးတွေ စာရင်းကို ကြေညာရမှာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ဒီလအစောပိုင်း မီဒီယာကို ပြောကြားချက်အရ အစိုးရအဖွဲ့မှာ အန်အယ်လ်ဒီက ၃၀ ရာခိုင်နှုန်းပဲ ပါဝင်မယ်လို့ သိရပြီး အခု နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းအရ အစိုးရအဖွဲ့မှာ အန်အယ်လ်ဒီက ၆ ဦးသာ ပါဝင်မှာ ဖြစ်ပါတယ်။
အန်အယ်လ်ဒီအစိုးရအဖွဲ့မှာ တခြားနိုင်ငံရေးပါတီက ခေါင်းဆောင်တချို့နဲ့ ပြင်ပ ပညာရှင်တွေလည်း ပါဝင်လာဖို့ ရှိတယ်လို့ ပါတီဘက်က ပြောဆိုထားပါတယ်။
5 years Ago