ပြန်လည်ရွေးကောက် တင်မြှောက်ခံထားရတဲ့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒြာမိုဒီဟာ ပထမဝန်ကြီးချုပ် သက်တမ်းကနေ နုတ်ထွက်စာကို အိန္ဒိယသမ္မတ ရမ်နာ့သ် ကိုဗင်းဆီမှာ မေလ ၂၄ ရက်က တင်သွင်းပြီး အစိုးရသစ်ကိုစဖွဲ့ဖို့ ပြင်ဆင်လိုက်ပါတယ်။
ကိုဗင်ဒ်က နုတ်ထွက်စာကို လက်ခံအပြီး မိုဒီနဲ့ ဝန်ကြီးများကောင်စီကို အစိုးရသစ်က တာဝန်ယူချိန်ထိ တိုင်အောင် ဆက်ပြီးရုံးတက်ဖို့ အဆိုပြုခဲ့ပါတယ်။
မိုဒီဟာ သူဝန်ကြီးတွေနဲ့ အစိုးရသစ်ဖွဲ့ရေး ဆွေးနွေးပွဲတွေကျင်းပပြီးမှ သမ္မတနဲ့ တွေ့ခဲ့တာပါ။ ဒါပေမယ့် အစိုးရအဖွဲ့အတွက် ကျမ်းသစ္စာ ကျိန်မယ့်နေ့ကိုတော့ မသတ်မှတ်ရသေးပါဘူး။
ရွေးကောက်ပွဲ ကော်မရှင်ဆီက တရားဝင် သတင်းအချက်အလက်တွေအရ မိုဒီရဲ့ BJP ပါတီက လွှတ်တော်အမတ်နေရာ ၅၄၂ နေရာထဲက ၃၀၃ နေရာကို အနိုင်ရခဲ့တာပါ။ ၂၀၁၄ ရွေးကောက်ပွဲတုန်းကတော့ ၂၈၂ နေရာကိုသာ ရခဲ့ပါတယ်။
မိုဒီနဲ့ BJP ပါတီဥက္ကဋ္ဌတို့ဟာ အကြီးတန်း ပါတီခေါင်းဆောင်တွေနဲ့ နယူးဒေလီက သူတို့အိမ်တွေမှာ တွေ့ဆုံခဲ့ကြသလို နိုင်ငံတလွှားမှာလည်း ပါတီကို ထောက်ခံသူတွေက အောင်ပွဲခံနေကြပါတယ်။
2 years Ago