အစီအစဉ်ဆက်လုပ်မည်

September 30, 2017

သြစတြေးလျက မြန်မာတပ်မတော်နှင့် စစ်ရေးလေ့ကျင့်မှုအစီအစဉ်ဆက်လုပ်မည်

သြစတြေးလျအစိုးရဟာ မြန်မာတပ်မတော်နဲ့ စစ်ရေးလေ့ကျင့်မှုအစီအစဉ်တွေ ဆက်လုပ်သွားမယ်လို့ သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။ လတ်တလောမှာ  ကုလသမဂ္ဂ အထွေထွေညီလာခံမှာရော၊ နိုင်ငံတကာ စာမျက်နှာတွေမှာပါ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး  မြန်မာစစ်တပ်ကို ဝေဖန်စွပ်စွဲချက်တွေ ရှိနေတဲ့ကြားကပဲ သြစတြေးလျအစိုးရက ခုလိုပြောဆိုလိုက်တာပါ။ မြန်မာစစ်တပ်ကို ပညာရပ်ပိုင်း ကျွမ်းကျင်မှုတွေနဲ့ နိုင်ငံတကာ ဥပဒေတွေကို ထိန်းသိမ်းလိုက်နာမှုပိုင်းတွေမှာ မြှင့်တင်ပေးနိုင်ဖို့ အတူလုပ်ဆောင်တာလို့ သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောဆိုပါတယ်။ “ကျနော်တို့ မြန်မာစစ်တပ်နဲ့  သင့်တော်တဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ ကျနော်တို့ မြန်မာစစ်တပ်နဲ့ သင့်တော်တဲ့ ကာကွယ်ရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုက ဆက်လုပ်သွားမှာဖြစ်ပြီး ကျနော်တို့ လက်ရှိအခြေအနေနဲ့ စီစဉ်ထားတဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ကိစ္စတရပ်ချင်းစီအပေါ် အခြေခံပြီး ရှုမြင်သုံးသပ်သွားမှာပါ” လို့လည်း ပြောပါတယ်။ သြစတြေးလျအစိုးရရဲ့ လတ်တလော လုပ်ပြီးခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်ကတော့ သြဂုတ် ၁၈ ရက်က ပြီးဆုံးခဲ့တဲ့ ၁၀ ရက်ကြာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လေ့ကျင့်ရေးသင်တန်း ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးလို့ နောက်တပတ်လောက်အကြာမှာပဲ ရခိုင်ပြည်နယ်က လုံခြုံရေးရဲ စခန်းတွေကို ARSA အစွန်းရောက်အကြမ်းဖက်တွေက အလစ်ဝင်ရောက်  တိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။
4 years Ago
Up